မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး အသင်းကြီးအားလုံး နိုင်ပွဲကိုယ်စီရယူ

မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး အသင်းကြီးအားလုံး နိုင်ပွဲကိုယ်စီရယူ
Published 24 September 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၆) စနေည (၈း၃၀)ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး အစရှိတဲ့ အသင်းကြီးအားလုံး နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပါတယ်။

မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး (၅-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က မန်စီးတီးကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးပဲ အသာရပြီး ဂိုးပြတ်နိုင်ပွဲရယူခဲ့တာပါ။ မန်စီးတီးအတွက် ဂိုးတွေကို ဆာနေး (၄၄ မိနစ်)၊ စတာလင် (၅၁၊ ၅၉ မိနစ်)၊ အဂွဲရိုး (၇၉ မိနစ်)နဲ့ ဒဲလ်ဖ် (၈၉ မိနစ်)တို့က သွင်းယူပေးခဲ့ကြတာပါ။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ အင်္ဂလန်ဘောလုံးသမိုင်းမှာ အဖွင့်(၆)ပွဲဆက်ရှုံးပြီး တစ်ဂိုးမှမသွင်းနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

မန်ယူကတော့ ဆောက်သမ်တန်ကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီမှ (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ အပြန်အလှန်ရှိခဲ့ပြီး မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို (၂၀)မိနစ်မှာ အက်ရှ်လေယန်းရဲ့ ဖြတ်တင်ဘောကတစ်ဆင့် လူကာကူ နှစ်ဆင့်ပိတ် ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဆောက်သမ်တန်က ကစားကွက်အသာနဲ့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး မန်ယူအသင်း ခံစစ်မှာ အထိုင်ချကာ အနိုင်ဂိုးကို ထိန်းသိမ်းခဲ့ရပါတယ်။ ဆောက်သမ်တန် နေရာစုံက ထိုးဖောက်ခဲ့ပေမယ့် မန်ယူခံစစ် အမှားမရှိဘဲ အနိုင်(၃)မှတ် ရယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကလည်း မန်စီးတီး၊ မန်ယူတို့လိုပဲ Clean Sheet ရခဲ့ပြီး စတုတ်စီးတီးကွင်းမှာ (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ကိုနိုင်၊ မန်ယူကိုသရေကစားပြီး အသင်းကြီးတွေကို ဒုက္ခပေးခဲ့တဲ့ စတုတ်စီးတီးဟာ ဒီပွဲမှာတော့ ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ချယ်လ်ဆီးအတွက် ဂိုးတွေကို မိုရာတာ (၂၊ ၇၇၊ ၈၂ မိနစ်)နဲ့ ပတ်ဒရို (၃၀ မိနစ်)တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ မိုရာတာကတော့ ချယ်လ်ဆီးအတွက် ဟက်ထရစ် သွင်းယူတဲ့ (၁၇)ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

အခြားပွဲတွေမှာ ဘန်လေနဲ့ ဟတ်ဒါဖီးလ်တို့ ဂိုးမရှိသရေကျခဲ့ပြီး အဲဗာတန်ကတော့ အိမ်ကွင်းမှာ ဘုန်းမောက် အနိုင်ရခဲ့ပါတယ်။ ဆွမ်ဆီးကတော့ အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဝက်စ်ဟမ်း ၂-၃ စပါး
ဘန်လေ ဝ-၀ ဟတ်ဒါဖီးလ်
အဲဗာတန် ၂-၁ ဘုန်းမောက်
မန်စီးတီး ၅-၀ ခရစ္စတယ်ပဲလေ့စ်
ဆောက်သမ်တန် ဝ-၁ မန်ယူ
စတုတ်စီးတီး ဝ-၄ ချယ်လ်ဆီး
ဆွမ်ဆီး ၁-၂ ဝက်ဖို့ဒ်

■ လာလီဂါရလဒ်များ
အက်သလက်တီကို ၂-၀ ဆီဗီလာ
အလာဗတ်စ် ၁-၂ ရီးယဲလ်မက်ဒရစ်

■ စီးရီးအေရလဒ်များ
ရိုးမား ၃-၁ အူဒီးနီးစ်

■ ဘွန်ဒစ်လီဂါရလဒ်များ
လိုက်ပ်ဇစ် ၂-၁ ဖရန့်ဖတ်
ဟော်ဖန်ဟင်မ် ၂-၀ ရှော်လ်ကေး
ဝါဒါဘရီမင် ဝ-၀ ဖရိုင်းဘတ်
မိန့်ဇ် ၁-၀ ဟာသာဘာလင်
စတုဂတ် ဝ-၀ အော့စ်ဘတ်

Photo: DailyMail

Photo: DailyMail

Photo: DailyMail

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘော်လ်တန် ဝ-၃ ဘရန့်ဖို့ဒ်
ဒါဘီ ၁-၁ ဘာမင်ဂမ်
ဖူလ်ဟမ် ၁-၁ မစ်ဒယ်ဘရော့
လိဒ်စ် ၃-၂ အစ်ဝစ်ချ်
နောဝစ်ချ် ဝ-၀ ဘရစ္စတိုးလ်စီးတီး
ပရက်စတန် ဝ-၀ မီဝေါလ်
QPR ဝ-၀ ဘာတန်
ရက်ဒင်း ၁-၁ ဟားလ်စီးတီး
ဆန်းဒါးလန်း ၁-၂ ကာဒစ်ဖ်
ဝုလ်ဗ် ၂-၁ ဘန်စလေ