လိုင်ယွန်နှင့်ပွဲတွင် အချင်းများခဲ့ပြီးနောက် ကာဗာနီကို ရောင်းချရန် PSG အသင်းထံ နေမာ တောင်းဆိုခဲ့သည်ဟု သတင်းထွက်ပေါ်

လိုင်ယွန်နှင့်ပွဲတွင် အချင်းများခဲ့ပြီးနောက် ကာဗာနီကို ရောင်းချရန် PSG အသင်းထံ နေမာ တောင်းဆိုခဲ့သည်ဟု သတင်းထွက်ပေါ်
Published 21 September 2017

 

ပြီးခဲ့သည့်တစ်ပတ်က လိုင်ယွန်နှင့်ကစားခဲ့သော ပြင်သစ်လီဂူးပွဲတွင် အချင်းများခဲ့ပြီးနောက် ကာဗာနီကို ရောင်းချရန် PSG အသင်းပိုင်ရှင်ထံ နေမာမှ တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လိုင်ယွန်နှင့်ပွဲတွင် ပွဲချိန်(၇၉)မိနစ်၌ PSG အသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ရာ ကာဗာနီ ကန်သွင်းရန် ပြင်ဆင်နေချိန်တွင် နေမာက အဆိုပါ ပယ်နယ်တီအား ၎င်းကို ကန်သွင်းခွင့်aပးရန် တောင်းဆိုခဲ့သော်လည်း ကာဗာနီက ငြင်းဆန်ခဲ့ရာမှ စတင်အချင်းများခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပွဲပြီးချိန်တွင် အပြန်အလှန်ရန်စောင်ခဲ့ပြီး အဝတ်လဲခန်းအတွင်း ထပ်မံအချင်းများခဲ့၍ အသင်းဖော်များက ဝင်ရောက်ဖျန်ဖြေခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့အချင်းများခဲ့ပြီးနောက် ကာဗာနီကို ရောင်းချရန် PSG အသင်းထံ နေမာ တောင်းဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။ Sport သတင်းစာက နေမာသည် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီထံ ဆက်သွယ်ကာ ကာဗာနီနှင့် တွဲဖက်ကစားရန် မဖြစ်နိုင်၍ ၎င်းကိုရောင်းချရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

Photo: AFP/Getty Images

သို့သော်လည်း ကာဗာနီကမူ နေမာနှင့် မိမိအကြား မည်သည့်ပြဿနာမှမရှိကြောင်း၊ ယခုထွက်ပေါ်နေသော သတင်းများမှာလည်း ကောလာဟလများသာဖြစ်ပြီး မိမိတို့၏ အချင်းများမှုမှာ ဘောလုံးလောကတွင် ဖြစ်လေ့ဖြစ်ထရှိကြောင်း တုံ့ပြန်ခဲ့သည်။

Most Read

Most Recent