ဗီတိုလို၊ လက်စ်ပါမားစ်နှင့် အက်သလက်တီကိုအသင်းတို့အား ဆီဗီလာ တရားစွဲမည်

ဗီတိုလို၊ လက်စ်ပါမားစ်နှင့် အက်သလက်တီကိုအသင်းတို့အား ဆီဗီလာ တရားစွဲမည်
Published 14 September 2017

 

ဆီဗီလာအသင်းသည် တိုက်စစ်မှူး ဗီတိုလို၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဗီတိုလို၊ လက်စ်ပါမားစ်၊ အက်သလက်တီကိုအသင်းတို့ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ဗီတိုလိုကို ခေါ်ယူစာချုပ်ခဲ့သော်လည်း ဖီဖာက ချမှတ်ထားသော အပြောင်းအရွှေ့ပြုလုပ်ခွင့် ပိတ်ပင်သည့်ပြစ်ဒဏ်အရ ဗီတိုလိုအား လက်စ်ပါမားစ်အသင်းထံ ဇန်နဝါရီလအထိ အငှားချခဲ့သည်။

အက်သလက်တီကိုအသင်းသည် ဗီတိုလိုအတွက် စာချုပ်ပါလျော်ကြေး ယူရို(၃၇.၅)သန်း ပေးချေခဲ့ရပြီး ၂၀၂၀ခုနှစ်အထိ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

Photo: atleticodemadrid

သို့သော်လည်း ဆီဗီလာအသင်းက အက်သလက်တီကိုနှင့် ဗီတိုလိုတို့ သဘောတူညီမှုမရမီ နှစ်ရက်အလိုက ၎င်းကို စာချုပ်သက်တမ်းတိုးရန် မိမိတို့ သဘောတူညီမှုရရှိခဲ့ကြောင်း၊ အဆိုပါအချက်မှာ ကစားသမား၏ ဆန္ဒတစ်ခုတည်းဖြင့် ချိုးဖောက်၍မရကြောင်း၊ ဥပဒေဆိုင်ရာကျွမ်းကျင်သူများ၏ အကူအညီဖြင့် အက်သလက်တီကို၊ လက်စ်ပါမားစ်နှင့် ဗီတိုလိုတို့ကို ဥပဒေကြောင်း အရ ရင်ဆိုင်သွားရန် ဘုတ်အဖွဲ့တာဝန်ရှိသူများက စီစဉ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။