Police Tero အသင်းအတွက် ပထမဆုံးကစားသည့်ပွဲတွင် အောင်သူ နှစ်ဂိုးသွင်းယူ

Police Tero အသင်းအတွက် ပထမဆုံးကစားသည့်ပွဲတွင် အောင်သူ နှစ်ဂိုးသွင်းယူ
Published 14 January 2018

Photo - Police Tero

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင် သူသည် အငှားသွားရောက်ကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း အတွက် ပထမဆုံးကစားသည့်ပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ Police Tero အသင်းသည် ရာသီကြိုခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် Bangkok glass အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုးစီသရေ ကျခဲ့သည်။

ယင်းခြေစမ်းပွဲတွင် အောင်သူသည် ပွဲစကတည်းက ပါဝင်ကစားခဲ့ပြီးPolice Tero အသင်းသည် ပထမပိုင်းတွင် သုံးဂိုး အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယ ပိုင်းတွင် ဂိုးများပြန်ပေးရကာ သရေကျခဲ့ခြင်း ဖြစ်သည်။ အောင်သူသည် ပထမပိုင်းတွင် Police Tero အသင်းအတွက် နှစ်ဂိုးသွင်းယူ ပေးခဲ့ပြီး ကျန်တစ်ဂိုးကိုမူ ပြင်သစ်နိုင်ငံသား အင်ဒရီက သွင်းယူခဲ့သည်။

အောင်သူသည် ပြီးခဲ့သည့်ဒီဇင်ဘာနောက်ဆုံးပတ်ကတည်း က အသင်းနှင့်ပူးပေါင်းခဲ့ပြီး ပထမဆုံးခြေစမ်း ပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ အောင်သူ သည် နံနက်ပိုင်းတွင်ကျင်းပသည့်Police Tero အသင်း၏ ဆိုင်ဖွင့်ပွဲနှင့် လူငယ်ဘော လုံးသင်တန်းကို တက်ရောက်ခဲ့ကြောင်း သိ ရသည်။ Police Tero အသင်းသည် လေ့ကျင့် ရေးကွင်းအနီးတွင် ကော်ဖီဆိုင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အောင်သူနှင့် ကစားသမားအချို့ တက် ရောက်ဖွင့်လှစ်၍ ပရိသတ်များနှင့် တွေ့ဆုံ ခဲ့သည်။

Police Tero အသင်းသည် လူငယ် ဘောလုံးသမားများအတွက် ဘောလုံးလေ့ ကျင့်ရေးအစီအစဉ်ကိုလည်း ကျင်းပခဲ့ပြီး အောင်သူ ပါဝင်ကစားကာ ကလေးငယ်များ နှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။ Police Teroအသင်းသည် ဆိုင်ဖွင့်ပွဲမကျင်းပ မီကတည်းက အောင်သူပုံပါဝင်သည့် ဖိတ်စာ ဖြင့် မြန်မာဘောလုံးပရိသတ်များ စိတ်ဝင်စား မှုရှိစေရန် ဆောင်ရွက်ခဲ့ပြီး Facebook မှတစ်ဆင့် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်။