Warwick ရဲတိုက်တွင် အလံအစား ဆောက်ဂိတ်၏အင်္ကျီ လွှင့်တင်ထား

Warwick ရဲတိုက်တွင် အလံအစား ဆောက်ဂိတ်၏အင်္ကျီ လွှင့်တင်ထား
Published 8 July 2018

 

Photos: Daily Mail

 

အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့ရှိ Warwick ရဲတိုက်တွင် နိုင်ငံအလံကိုယ်စား အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်၏ ကုတ်အင်္ကျီအောက်ခံချိုင်းပြတ်အင်္ကျီအား လွှင့်တင်ထားကြောင်း သိရသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်း၏ပွဲစဉ်များတွင် အနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေသည့်အသင်းများအနက် ဝတ်စားဆင်ယင်မှု အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

သို့ဖြစ်ရာ ပရိသတ်များက Warwick ရဲတိုက်ရှိ အလံအား ဆောက်ဂိတ်၏အင်္ကျီပြောင်းလဲတပ်ဆင်ပေးရန် ဘာမင်ဂမ် ရေဒီယိုဌာနသို့ တောင်းဆိုမှုများရှိနေရာ ဆွီဒင်အသင်းနှင့်ပွဲမတိုင်မီ ယင်းကဲ့သို့ပြုလုပ်ပေးခဲ့ ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ဆောက်ဂိတ်လက်ထက်၌ ပုံစံကောင်းပြသလျက်ရှိပြီး ကမ္ဘာ့ဖလားတွင်လည်း ၂၀၀၆ နောက်ပိုင်း ကွာတားသို့ ပထမဆုံးတက်ရောက်ခွင့်ရထားသည်။

Most Read

Most Recent