ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဂျူဗီအသင်းကကမ်းလှမ်းဖွယ်ရှိဟု သတင်းထွက်

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဂျူဗီအသင်းကကမ်းလှမ်းဖွယ်ရှိဟု သတင်းထွက်
Published 4 July 2018

ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအ ဆင့်မှထွက်ခွာခဲ့ရသည့် ပေါ်တူဂီလက်ရွေး စင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းဖွယ်ရှိနေကြောင်း အီတလီသတင်း များက ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် လေးနှစ်စာ ချုပ်အတွက် စီရော်နယ်လ်ဒိုကို လစာငွေ ပေါင် ၁၀၆ သန်းပေးပြီး ကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးဆု ငါးကြိမ်ဆု ရှင် စီရော်နယ်လ်ဒိုမှာမူ ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုသော်လည်း ကမ္ဘာ့ စံချိန်လစာငွေပေးချေရန်အလိုရှိနေပြီး ရီးယဲလ် အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကမူ လက်ရှိခံစားခွင့် အတိုင်းသာ စာချုပ်သက်တမ်းတိုးရန် ဆန္ဒ ရှိနေသည်။

စပိန်သတင်းစာ Marca ၏ဖော် ပြမှုတွင် ဂျူဗင်တပ်စ်အသင်းသည် စီရော် နယ်လ်ဒိုအတွက် တစ်ပတ်လစာငွေ ပေါင် ငါးသိန်းပေးပြီးခေါ်ယူရန် ဆန္ဒရှိနေကြောင်း ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုမှာ ရီးယဲလ် အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက် တမ်းရှိနေပြီး စာချုပ်လျော်ကြေးပမာဏမှာ လည်း ပေါင် ၈၈၆ သန်းအထိရှိသောကြောင့် ၎င်းကိုခေါ်ယူလိုသည့်အသင်းအနေဖြင့် အ ခက်အခဲဖြစ်နေသည်။

၎င်းသည် လက်ရှိတွင် ရီးယဲလ်အသင်း၌ တစ်နှစ်လစာ ပေါင် ၂၂ သန်းသာရရှိနေပြီး အဓိကပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာမူ အသား တင် တစ်နှစ်လစာ ပေါင် ၃၀ ဒသမ ၇ သန်း အထိ ရရှိလျက်ရှိသည်။

Most Read

Most Recent