ချယ်လ်ဆီးအသင်းသည် လက်စတာအသင်းမှ ကွင်းလယ်လူ ဒရင့်ဝါတာကို ပေါင်(၂၈)သန်းဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပြင်သစ်သတင်းများကိုကိုးကားပြီး ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးနည်းပြ ကွန်တီက ဒရင့်ဝါတာကို အစောပိုင်းကတည်းက ကြိုးပမ်းနေခဲ့ ခြင်းဖြစ်ပြီး ပထမအကြိမ် ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းမှုကို လက်စတာအသင်းက ပယ်ချခဲ့ကြောင်းလည်း သိရှိရသည်။
ဒရင့်ဝါတာသည် လက်စတာအသင်းနှင့် ၂၀၂၁ အထိ စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်သည်။ ၎င်းမှာ မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် လက်စတာအသင်းသို့ရောက်ရှိပြီး အသင်းအတွက် (၁၉၃)ပွဲ ကစားပေးထားသည်။