Photo - ညီညီစိုးညွန့်
ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ လေးယောက်တွဲပွဲစဉ် အုပ်စုပထမနေ့ပွဲစဉ်များကို သြဂုတ်၂၃ ရက်ကစတင်ကျင်းပရာ မြန်မာအမျိုးသားအသင်း နိုင်ပွဲစတင်ရရှိခဲ့သော်လည်း အမျိုးသမီးအသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့ကြောင်းသိရသည်။
မြန်မာအမျိုးသားအသင်းသည် ဘရူနိုင်း အသင်းကို (၂-ဝ) ပွဲပြတ်ဖြင့် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာသွားခဲ့သည်။
မြန်မာအသင်းသည် အုပ်စု (ခ) တွင် အိမ်ရှင် မလေးရှား၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး သြဂုတ် ၂၄ ရက် (ယနေ့) တွင် အိမ်ရှင်အသင်းနှင့် အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမျိုးသမီးပြိုင်ပွဲတွင်မူ ငါးသင်းပတ် လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိပြီး မြန်မာအမျိုးသမီးအသင်းသည် ပထမပွဲတွင် အင်ဒိုနီးရှားအသင်းကို (၂-၁) ပွဲဖြင့် မထင် မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။
အမျိုးသမီးပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းအပါအဝင် ဗီယက် နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် လာအိုအသင်း တို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အမှတ် အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ သြဂုတ်၂၄ ရက် (ယနေ့) တွင် အမျိုးသမီးပွဲစဉ် အဖြစ် မြန်မာနှင့် လာအို၊ မြန်မာနှင့် မလေး ရှား၊ အမျိုးသားပွဲစဉ်အဖြစ် မြန်မာနှင့် မလေး ရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ညနေပိုင်းတွင် အမျိုးသားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။