Photo: Daily Star
မန်ယူအသင်း၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ယခုစနေနေ့တွင်ကစားမည့် FA ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်ရန် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း သိရှိရသည်။
လူကာကူသည် ဧပြီလ(၂၉)ရက်နေ့က ကစားခဲ့သော မန်ယူ(၂-၁)အာဆင်နယ်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနားယူ ကုသမှုခံယူခဲ့ရသူဖြစ်သည်။ သူ၏ဒဏ်ရာမှာ အရှင်းပျောက်ကင်းသက်သာလာပြီဖြစ်၍ အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်နိုင်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။
လူကာကူ(၂၅ နှစ်)သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၅၀)ကစားထားရာတွင် (၂၇)ဂိုးသွင်းယူ ပေးထားသည်။