လန်ဒန်ဒါဘီအရှုံးကြောင့် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရရန်နီးစပ်လာ

လန်ဒန်ဒါဘီအရှုံးကြောင့် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရရန်နီးစပ်လာ
Published 2 April 2018

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အလွန်အရေးပါသော စပါးအသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရရန် ပိုမိုနီးစပ်လာခဲ့သည်။

လက်ရှိအမှတ်ပေးဇယား၌ အဆင့်(၄)နေရာမှ စပါးအသင်းက (၆၄)မှတ်ဖြင့် လက်ကျန်(၇)ပွဲအလိုတွင် အဆင့်(၅)နေရာမှ ချယ်လ်ဆီးအသင်းကို (၈)မှတ်အထိ ဖြတ်ထားလျက်ရှိသည်။

ယင်းလန်ဒန်ဒါဘီပွဲတွင် မိုရာတာက (၃၀)မိနစ်တွင် ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း အဲရစ်ဆင်က ပထမပိုင်းနာကျင်အချိန်ပိုတွင် ချေပဂိုးပြန်သွင်းခဲ့ပြီး အယ်လီက (၆၂၊ ၆၆)မိနစ်များတွင် အနိုင်ဂိုးများသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

စပါးအသင်းအနေဖြင့် ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် ချယ်လ်ဆီးကွင်းတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။

အစောပိုင်းကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းက အူဘာမီယန်း(ပယ်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုး)၊ လာကာဇက်(ပယ်နယ်တီ)တို့၏ဂိုးများနှင့် စတုတ်စီးတီးကို (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent