ဆွစ်ဇာလန်တင်းနစ်အကျော် ဖက်ဒါရာသည် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် (၂)နှစ်ဆက်ဗိုလ်စွဲပြီး
နောက် အကြိမ်(၂၀)မြောက် ဂရင်းစလင်းဆုဖလားရယူနိုင်ခဲ့သည်။
ဖက်ဒါရာမှာ ဗိုလ်လုပွဲတွင် ခရိုအေးရှားတင်းနစ်သမား မာရင်စီလစ်နှင့်တွေ့ဆုံခဲ့ပြီး (၃)နာရီ (၃)မိနစ်ကြာကစားကာ ၆-၂၊ ၆-၇(၅-၇)၊ ၆-၃၊ ၃-၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အကြိမ်(၃၀)မြောက် ဂရင်းစလင်းဗိုလ်လုပွဲကစားခဲ့သည့် ဖက်ဒါရာအနေဖြင့် အီမာဆန်၊ ဂျိုကိုဗစ်တို့ တင်ရှိထားသည့် သြစတြေးလျအိုးပင်းအအောင်မြင်ဆုံး ချန်ပီယံ(၆)ကြိမ်စံချိန်ကိုလည်း လိုက်မီခဲ့သည်။