ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ NCA လက်မှတ်ထိုးနိုင်ခြင်း မရှိသေးသော လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်နေဟုဆို

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ NCA လက်မှတ်ထိုးနိုင်ခြင်း မရှိသေးသော လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်နေဟုဆို
Published 27 May 2018

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်နေဟု ရှမ်းပြည်နယ် နယ်လုံဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယသက်တမ်း တစ်နှစ်တာ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မီဒီယာများနှင့် သတင်းစာ ရှင်းလင်းခြင်းကို တောင်ကြီးမြို့ မြို့တော်ခန်းမတွင် မေ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများနှင့် အပြန်အလှန် မေးခွန်းများ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးနေတာတွေ ရှိပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ကိုယ်တိုင် လိုက်ပါပြီးတော့ NCA လက်မှတ်မထိုးထားတဲ့ နေရာတွေမှာ NCA လက်မှတ်ရေးထိုးဖို့အတွက် လိုအပ်တဲ့ ဒေသပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ၊ ငြိမ်းချမ်းရေးသွားမယ့် လမ်းစဉ်တွေကို ဆွေးနွေးပြီး ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိ NCA လက်မှတ်ရေးထိုးတာ ရှစ်ဖွဲ့ကနေ ထပ်တိုးတင်ပြလိုက်တာ နှစ်ဖွဲ့ဆိုတော့ စုစုပေါင်း ၁၀ ဖွဲ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်လို့ ဖြေကြားလိုပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေထိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များသည် ဝန်ကြီးချုပ် တာဝန်ယူ ဆောင်ရွက်နေစဉ် ကာလအတွင်း အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ကြောင်း ဒေါက်တာလင်းထွဋ်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

“ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံးအတွက် ငြိမ်းချမ်းစွာ နေထိုင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးက အကြီးမားဆုံးနဲ့ အခက်ခဲဆုံး ဖြေရှင်းနေရတဲ့ အခက်အခဲ အတားအဆီး လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။

 

Most Read

Most Recent