တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် တို့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီးခြားစီ လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် တို့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီးခြားစီ လက်ခံတွေ့ဆုံ
Published 16 February 2018

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (Photo: MSCO)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသား အကြံပေးပုဂ္ဂိုလ် H.E.Mr.Rajinder Khanna၊ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific-UNESCAP) အမှုဆောင် အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Dr.Shamshad Akhtar တို့အား ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-II) တွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆက်လက် အကူအညီပေးသွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံစဉ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

Most Read

Most Recent