တရုတ် ယူ-၁၆ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို မနေ့က စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် အိမ်ရှင်တရုတ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရပြီး (၅-၀) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် လေးဂိုးထပ်ပေးရသောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ ပထမပွဲတွင် တာဂျစ်ကစ္စတန်အသင်းက ကာဂျစ္စတန်အသင်းကို (၈-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုပြိုင်ပွဲမှာ ယူ-၁၆ ပြိုင်ပွဲဖြစ်သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ယူ-၁၅ အသင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဧပြီ (၈) ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ဧပြီ (၁၀) ရက်အထိ ကျင်းပမည်ဖြစ်သည်။