မီလန်ဒါဘီပွဲတွင် လက်မှတ်ရောင်းချရငွေနှင့် ပရိသတ်အသုံးစရိတ်မှ ရရှိသည့်ဝင်ငွေ စံချိန်တင်

မီလန်ဒါဘီပွဲတွင် လက်မှတ်ရောင်းချရငွေနှင့် ပရိသတ်အသုံးစရိတ်မှ ရရှိသည့်ဝင်ငွေ စံချိန်တင်
Photos: AFP
Photos: AFP
Published 18 March 2019

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစား ခဲ့သော အေစီမီလန်အသင်းနှင့် အင်တာမီလန်အသင်းတို့၏ မီလန်ဒါဘီပွဲ စဉ်တွင် လက်မှတ်ရောင်းချရငွေနှင့် ပရိသတ်အသုံးစရိတ်မှရရှိသည့်ဝင်ငွေမှာ စီးရီးအေပြိုင်ပွဲ၏ စံချိန်တင်ဝင်ငွေဖြစ်ခဲ့ကြောင်း သိရသည်။ 

မီလန်ဒါဘီပွဲစဉ်တွင် လက်မှတ်ရောင်းချရငွေ နှင့် ပရိသတ်အသုံးစရိတ်မှ ရရှိသည့်ဝင်ငွေမှာ ယူရို (၅ .၇)သန်းအထိရှိခဲ့ပြီး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။  

ပြီးခဲ့သည့် မီလန်ဒါဘီပွဲစဉ်မတိုင်မီ စီးရီးအေပြိုင်ပွဲတွင် လက်မှတ်ရောင်းချရငွေနှင့် ပရိသတ်အသုံးစရိတ်မှရရှိသည့် ဝင်ငွေစံချိန်တင်ခဲ့သည့်ပွဲမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း၌ အင်တာမီလန်အသင်း၏ အိမ်ကွင်းဆန်စီရိုတွင် ကစားခဲ့သော အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ပွဲစဉ်ဖြစ်ပြီး ဝင်ငွေယူရို (၅ .၂၉) သန်းရှိခဲ့ကြောင်း သိရသည်။ 

မီလန်ဒါဘီပွဲစဉ်တွင် ယင်းကဲ့သို့ ဝင်ငွေ စံချိန်တင်ခဲ့ခြင်းမှာ အီတလီနိုင်ငံပြင်ပမှ ပရိသတ် (၄၀၀၀)ကျော် လာရောက်ကြည့်ရှုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ 

အီတလီဘောလုံးလောကတွင် လက်မှတ်ရောင်းချရငွေနှင့် ပရိသတ်အသုံးစရိတ်မှရရှိသည့် ဝင်ငွေစံချိန်တင်ခဲ့သည့်ပွဲမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း$ ဆန်စီရိုကွင်းတွင်ကစားခဲ့သော အင်တာမီလန်နှင့် ဘာစီလိုနာအသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ဝင်ငွေ ယူရို (၅ .၉)သန်းအထိ ရှိခဲ့သည်။

Most Read

Most Recent