အီတလီစီးရီးအေပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 23 February 2019

တိုရီနို နှင့် အတ္တလန်တာ (စနေည ၈း၃၀ နာရီ)

အိမ်ကွင်းမှာ တိုရီနိုက အောင်ပွဲအသံတွေနဲ့ တောက်ပနေပါတယ်။ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၄)ပွဲ အနိုင်ရထားပြီး အဲဒီ (၄)ပွဲစလုံး ပေးဂိုးမရှိိခဲ့ပါဘူး။ အခြားတစ်ဖက်မှာ အတ္တလန်တာက အဝေးကွင်းမှာ ပိုပြီးအားကောင်းမောင်းသန် ဖြစ်ထွန်းနေပြီး နောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားပါတယ်။ ဒီပွဲက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲလို့လည်း ယူဆလို့ရပြီး အမှားခံလို့ ပိုမရတဲ့ တိုရီနို အမှတ်ရအောင်ယူပါလိမ့်မယ်။

ဖရိုဆီနိုနီ နှင့် ရိုးမား (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

အဝေးကွင်းနောက်ဆုံးပွဲမှာ ဆမ်ဒိုးရီးယားကို အနိုင်ရခဲ့တာဟာ ဖရိုဆီနိုနီအတွက် အိပ်မက်လို၊ အဲဒီလိုအိပ်မက်မျိုးကို ဖရိုဆီနိုနီဟာ အိမ်ကွင်းမှာတောင် မပိုင်ဆိုင်ခဲ့ဖူးဘူး။ အိမ်ကွင်း နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး အေစီမီလန်နဲ့ ဖီအိုရင်တီးနားတို့ကို သရေကစားထားနိုင်တာမျိုး ဒီပွဲမှာမျှော် လင့်ခွင့်မရှိပါဘူး။ အဝေးကွင်းမှာ ရိုးမား ခြေချော်တတ်ပေမယ့်  ဂိုးမပြတ်ဘဲ အနိုင်ရမယ်ထင်တယ်။

 

Most Read

Most Recent