ဂျီနိုအာ နှင့် အေစီမီလန် (တနင်္လာည ၈း၃၀ နာရီ)
လာဇီယိုပွဲကျပ်နေချိန်မှာ အေစီမီလန် အခွင့်အရေးယူနိုင်မလားစောင့်ကြည့်ရမယ်။ ဂျီိနိုအာက အေစီမီလန်ကို အစဉ်အလာအရဒုက္ခပေးတတ်သလို၊ အေစီမီလန်က လက်ရှိအချိန်မှာ အဝေးကွင်းဒဏ်ရာကြား နစ်မွန်းနေတယ်။ အဝေးကွင်း နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာ အေစီမီလန်အနိုင်ရထားပါတယ်။ နောက်ဆုံး(၁၃)ပွဲမှာ ဂျီနိုအာ (၁)ပွဲသာအနိုင်ရထားပေမယ့် ဒီပွဲမှာ အေစီမီလန်ကို ဒုက္ခပေးသွားနိုင်တယ်။
ဂျူဗင်တပ်စ် နှင့် ချီယေဗို (အင်္ဂါနံနက် ၂းဝ၀ နာရီ)
တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ရေးမျှော်လင့်ချက်အတွက် ချီယေဗို အလန့်တကြားရုန်းကန်နေပေမယ့် ဂျူဗင်တပ်စ်လိုအသင်းမျိုးနဲ့ ဆုံတွေ့ချိန်မှာ တစ်မှတ်ရဖို့တောင် မလွယ်ပါဘူး။ ချီယေဗိုပိတ်ဆို့ကစားရင်းနဲ့ပဲ ဂျူဗင်တပ်စ်ဘက်ကို ဂိုးတွေပေးရမယ်ထင်ပါတယ်။ မန်ဇူကစ်မပါပေမယ့် ဒူးဂလပ်စ်ကော်စတာကြောင့် စီရော်နယ်လ်ဒို အခွင့်အရေးတွေပိုရလာနိုင်တယ်။ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
အီဘာ နှင့် အက်စ်ပန်ညို (အင်္ဂါနံနက် ၂း၃၀ နာရီ)
အက်စ်ပန်ညိုရဲ့ခြေစွမ်းက အရင်လိုပြန်မဖြစ်သေးပါဘူး။ အဝေးကွင်းမှာဆို ရုန်းကန်နေရဆဲဖြစ်ပြီး ခံစစ်ကလည်း အား လျော့နေသေးတယ်။ ဒါကြောင့် အိမ်ကွင်းကစားပုံကောင်းတဲ့ အီဘာကိုပဲ ပိုကြိုက်နေမိတယ်။ ဂိုးတော့နည်းမယ်။