အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် မာရေး သည် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ် (ယူ အက်စ်အိုးပင်း-၂၀၁၂၊ ဝင်ဘယ်လ်ဒန်ချန် ပီယံရှစ်-၂၀၁၃၊ ၂၀၁၆)၊ အိုလံပစ်ရွှေတံဆိပ် ဆု နှစ်ကြိမ် (၂၀၁၂၊ ၂၀၁၆) နှင့် Davis Cup ချန်ပီယံ တစ်ကြိမ် (၂၀၁၅) ရရှိဖူးပြီး ဆာဘွဲ့ နှင့် OBE ဆုတံဆိပ်များ ချီးမြှင့်ခံထားရသူ ဖြစ်သည်။
ဗြိတိန်တင်းနစ်လောက၏ အအောင်မြင်ဆုံးကစားသမားဖြစ်သည့် အန်ဒီမာရေးက ဒဏ်ရာပြဿနာများကြောင့် ယခုနှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲအပြီးတွင် အနားယူရန် စီစဉ်ထားသော်လည်း သြစတြေးလျအိုးပင်းမှာ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ကြောင်း ဇန် နဝါရီ ၁၁ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် မာရေး သည် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ် (ယူ အက်စ်အိုးပင်း-၂၀၁၂၊ ဝင်ဘယ်လ်ဒန်ချန် ပီယံရှစ်-၂၀၁၃၊ ၂၀၁၆)၊ အိုလံပစ်ရွှေတံဆိပ် ဆု နှစ်ကြိမ် (၂၀၁၂၊ ၂၀၁၆) နှင့် Davis Cup ချန်ပီယံ တစ်ကြိမ် (၂၀၁၅) ရရှိဖူးပြီး ဆာဘွဲ့ နှင့် OBE ဆုတံဆိပ်များ ချီးမြှင့်ခံထားရသူ ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီ တွင် တင်ပါးဒဏ်ရာအား ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ခြောက်လကြာအနားယူရကာ ဇွန်တွင် ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်သော်လည်း ၁၄ ပွဲသာ ကစားပြီးနောက် စက်တင်ဘာမှစ၍ နှစ်ကုန်အထိ ထပ်မံအနားယူခဲ့ရသည်။
ဇန်နဝါရီ ၁၁ ရက်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မာရေးက ''နာကျင်မှုတွေရှိနေလျက်နဲ့ နောက်ထပ်လေး၊ငါးလလောက် ထပ်ကစား နိုင်မလားဆိုတာ မသေချာပါဘူး။ ဝင်ဘယ်လ်ဒန်မှာ ယှဉ်ပြိုင်ပြီးတော့မှ ကစားသမားဘဝကို အဆုံးသတ်ချင်တာပါ။ ဒါပေမဲ့ ကျွန်တော် လုပ်နိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ စိတ်ထဲမှာ ခံစားနေရတာတွေက သိပ်မကောင်းဘူး။ အချိန်တော်တော်ကြာတဲ့အထိ ကျွန်တော် ရုန်းကန်ခဲ့ရတယ်။ ဒဏ်ရာက တော်တော်နာကျင်နေတာ အခုဆိုရင် လ ၂၀ ဝန်း ကျင်ရှိနေပြီ။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ။ တင်ပါးက သက်သာလာပြီး လွန်ခဲ့တဲ့ခြောက်လကထက် ပိုကောင်းလာပါပြီ။ ဒါပေမဲ့ နာကျင်မှုရှိနေတုန်းပါပဲ။ အဆင့်တစ်ခုမှာ ကျွန်တော်ကစားနိုင်ပြီဆိုပေမဲ့ အရင်တုန်းက ကစားခဲ့တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ နာကျင်မှု က တော်တော်ဆိုးပါတယ်''ဟု မျက်ရည်များ ဖြင့် ပြောကြားသည်။
၂၀၀၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အဖြစ် စတင်ကစားခဲ့သည့် မာရေးသည် ၁၃ နှစ်အတွင်း ချန်ပီယံအောင်မြင်မှု ၄၅ ကြိမ် ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၂၃၀ အထိ ရောက်ရှိနေကြောင်း သိရသည်။