ဘာစီလိုနာနှင့်ကစားမည့် El Clasico ပွဲစဉ်ကို ရိုဒရီဂိုနှင့် ကော်တိုအာ လွဲချော်မည်

ဘာစီလိုနာနှင့်ကစားမည့် El Clasico ပွဲစဉ်ကို ရိုဒရီဂိုနှင့် ကော်တိုအာ လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 24 October 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိက ကစားသမားများဖြစ်သည့် တိုက်စစ်ကစားသမား ရိုဒရီဂိုနှင့် ဂိုးသမား ကော်တိုအာတို့သည် ဘာစီလိုနာအသင်းနှင့်ကစားမည့် El Clasico ပွဲစဉ်ကိုလွဲချော်မည်ဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် စနေနေ့တွင် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

လာလီဂါပွဲစဉ်(၁၀)အပြီးတွင် ဘာစီလိုနာက (၂၇)မှတ်၊ ရီးယဲလ်က (၂၄) မှတ် ရရှိထားရာ အဆိုပါပွဲစဉ်မှာ ရီးယဲလ်အတွက် အရေးကြီးသည့်ပွဲစဉ်လည်းဖြစ်သည်။

သို့သော် အဆိုပါပွဲစဉ်ကို ရီးယဲလ်အဓိက ကစားသမားများဖြစ်သည့် ရိုဒရီဂိုနှင့် ကော်တိုအာတို့ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ဒေါ့မွန်ကို အနို်င်ရသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ရိုဒရီဂိုသည် အဆိုပါပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ကော်တိုအာမှာ ကြွက်သားဒဏ်ရာရရှိခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးသည် ဘာစီလိုနာနှင့်ပွဲကိုလွဲချော်မည်ဖြစ်သည်။ 

ရိုဒရီဂိုသည် ရက်(၂၀)ဝန်းကျင်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။