ရွှေတံဆိပ်မယူပေးနိုင်ခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်း မြန်မာနည်းပြချုပ် ပြောကြား

ရွှေတံဆိပ်မယူပေးနိုင်ခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်း မြန်မာနည်းပြချုပ် ပြောကြား
Published 27 August 2017

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က မြန်မာပရိသတ်များ မျှော်လင့်နေသည့် ဆီးဂိမ်းစ်ရွှေတံဆိပ်ဆု ကို မယူပေးနိုင်ခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂျာမန်လူမျိုး ဂတ်ဖရိုင်းဒရစ်ကို ပြောင်းလဲခန့်အပ်ခဲ့သော်လည်း အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။

ဂတ်ဖရိုင်းဒရစ်က "ထိုင်းအသင်းကို ခြေရည်တူကစားနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မထင်မှတ်တဲ့အနေအထားက ဂိုးပေးလိုက်ရတာပါ။ မြန်မာပရိသတ်တွေရော အားလုံးမျှော်လင့်နေတဲ့ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုကို အရမယူ ပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်"ဟု ပြောကြားသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့်လွဲချော်ခဲ့ပြီး တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ မြန်မာ ယူ- ၂၂ အသင်းသည် ယခုပွဲရှုံးနိမ့်ခဲ့သောကြောင့် ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်မည့် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရသည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာ ယူ-၂၂ အသင်းသည် ယခုပြိုင်ပွဲတွင် အောင်မြင်မှုရမည့်အသင်းအဖြစ် ရေပန်းစားခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent