ဗီယက်နမ်နှင့်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်

ဗီယက်နမ်နှင့်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်
Published 19 November 2018

မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုတတိယပွဲအဖြစ် ဗီယက် နမ်အသင်းနှင့် အိမ်ကွင်းပွဲယှဉ်ပြိုင် ရန် နိုဝင်ဘာ ၁၈ ရက်မှစ၍ ရန်ကုန် မြို့$ လေ့ကျင့်လျက်ရှိကြောင်း သိ ရသည်။

မြန်မာ့လက်ရွေးစင်အသင်း သည် နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ပြီး ၁၈ ရက်တွင် လေ့ကျင့်မှုပြန်လည် ပြုလုပ်ခြင်းဖြစ်သည်။ မြန်မာအသင်း တွင် ဒဏ်ရာပြဿနာကင်းစင်လျက် ရှိပြီး ဗီယက်နမ်နှင့်ပွဲ၌ လူစုံပါဝင် နိုင်မည်ဖြစ်သည်။ ယင်းပွဲမှာ နှစ်သင်း စလုံးအတွက် အရေးပါနေပြီး အနိုင် ရသည့်အသင်းမှာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခွင့်အရေးပို ကောင်းမည်ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်ပွဲစဉ်များအပြီးတွင် မြန်မာနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ မလေးရှားအသင်းက သုံးပွဲကစား ခြောက်မှတ်ရထားသည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယား နှင့် လာအိုအသင်းကို အနိုင်ရသော် လည်း ဆီမီးဖိုင်နယ်တက်ရောက်ရန် ဗီယက်နမ်နှင့် အိမ်ကွင်း၊ မလေးရှား နှင့် အဝေးကွင်းပွဲမှာ အရေးပါလျက် ရှိသည်။

မြန်မာအသင်းသည် ဗီယက် နမ်၊ မလေးရှားတို့ကို ဂိုးကွာခြား ချက် အသာရထားသောကြောင့် အုပ်စု (A) တွင် ဦးဆောင်လျက်ရှိ သည်။

အုပ်စု (A) စတုတ္ထနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း$  မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်း$ ကမ္ဘောဒီးယား အသင်းနှင့် လာအိုအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

Most Read

Most Recent