စင်ကာပူနိုင်၌ နိုဝင်ဘာ ၈ ရက် ကျင်းပမည့် Global MMA ဆုပေးပွဲတွင် အောင်လအန်ဆန် ဆုရရှိရန် ရေပန်းစားနေ

စင်ကာပူနိုင်၌ နိုဝင်ဘာ ၈ ရက် ကျင်းပမည့် Global MMA ဆုပေးပွဲတွင် အောင်လအန်ဆန် ဆုရရှိရန် ရေပန်းစားနေ
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 3 November 2018

 

၂၀၁၈ ခုနှစ်အတွက် Global MMA ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် ဆုရရှိရန် ရေပန်းစားနေကြောင်း သိရသည်။

ယင်းဆုပေးပွဲတွင် ဆုအမျိုးအစား ၁၆  ခု ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး အောင်လအန်ဆန်သည် ဆုငါးခုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်တွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိပြီးနောက်ပိုင်း ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရထားသလို ယခုနှစ်အတွင်း ထိုးသတ်ခဲ့သည့် MMA ပြိုင်ပွဲသုံးပွဲ တွင်လည်း အလဲထိုးဖြင့် အနိုင်ရထားသည်။ ယခုနှစ်အတွင်း ထိုးသတ်ခဲ့သည့် ONE လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ၊ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာ ကွယ်ပွဲနှစ်ပွဲတွင် အနိုင်ရခဲ့သည့် အောင်လအန်ဆန်သည် Martial Arts Hero of the Year ဆု၊ Male Athlete of the Year ဆု၊ Bout og the Year ဆု၊ Knockout of the Year ဆု၊ Walkout of the Year ဆုစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ ဇွန် ၂၉ ရက်က ရန်ကုန်မြို့၌ ဟဆဲဂါ၀ါနှင့် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာ အကောင်းဆုံးပွဲဆုနှင့် အကောင်းဆုံးအလဲ ထိုးအနိုင်ရသည့်ပွဲဆုအတွက် ဆန်ခါတင် စာရင်းတွင် ပါဝင်လျက်ရှိသည်။ ONE Championship သည် နိုဝင်ဘာ ၉ ရက်တွင် စင်ကာပူနိုင်ငံ၌ MMA ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ ဆုပေးပွဲအခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အောင်လအန်ဆန် ဆန်ခါတင်စာရင်း၌ ပါဝင်နေသည့်ဆုများအပြင် အမျိုးသမီးအကောင်းဆုံး ကစားသမားဆု၊ မွေထိုင်းအကောင်းဆုံး ကစားသမားဆု၊ Kickboxing အကောင်းဆုံး ကစားသမားဆု၊ Breakthrough အကောင်းဆုံးကစားသမားဆု၊ Submission of the Year ဆု၊ Event of the Year ဆု၊ Gym of th e Year ဆု၊ ဒိုင်လူကြီးဆု၊ နည်းပြဆု၊ ဂျာနယ်လစ်ဆုနှင့် Ring Girl of the Year ဆုများ ချီးမြှင့်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် MMA ကစားသမားဘဝ ၁၀ နှစ်ကျော်ကာလအတွင်းပွဲ ပေါင်း ၃၄ ပွဲ ထိုးသတ်ထားပြီး ၂၄ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည် ၂၀၁၇ ဇန်နဝါရီနောက်ပိုင်း ယှဉ်ပြိုင်ထိုးသတ်သည့် MMA ပြိုင်ပွဲတွင် ရှုံးပွဲမရှိဘဲ ပွဲတိုင်းအနိုင်ရထားသည်။

Most Read

Most Recent