တိုင်းဒေသကြီးနှင့် ပြည်နယ် MFFU - 14 လူငယ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုများခွဲဝေ

တိုင်းဒေသကြီးနှင့် ပြည်နယ် MFFU - 14 လူငယ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုများခွဲဝေ
ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်  (ဓာတ်ပုံ-ညီညီစိုးညွန့်)
ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 3 November 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် MFFU - 14 လူငယ်ဘောလုံးပြိုင်ပွဲ အုပ်စုခွဲဝေ သည့်အခမ်းအနားကို နိုဝင်ဘာ ၂ ရက်က MFF ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အသင်းပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် မကွေး၊ ဧရာဝတီ၊ မွန်၊ ရှမ်း (တောင်)၊ ရန်ကုန်၊ အုပ်စု (ခ) တွင် ရှမ်း (မြောက်)၊ ချင်း၊ ကရင်၊ ပဲခူး၊ အုပ်စု (ဂ) တွင် ရှမ်း (အရှေ့)၊ ကချင်၊ ရခိုင်၊ စစ်ကိုင်း၊ အုပ်စု (ဃ) တွင် ကယား၊ တနင်္သာရီ၊ မန္တလေးနှင့် နေပြည်တော်အသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲပထမနေ့ကို နိုဝင်ဘာ ၃ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီတွင် သုဝဏ္ဏမြက် ခင်းတုကွင်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်သည်။ ပထမနေ့ပွဲစဉ်များအဖြစ် နံနက် ၈ နာရီခွဲတွင် ဧရာဝတီနှင့် ရန်ကုန်၊ မွန်နှင့် ရှမ်း (တောင်)၊ ညနေ ၄ နာရီတွင် ရှမ်း(အရှေ့) နှင့် စစ်ကိုင်း၊ ကချင်နှင့် ရခိုင်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အုပ်စုပွဲများကို နိုဝင်ဘာ ၁၀ ရက်အထိ တစ်နေ့လျှင် လေးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲများကို နိုဝင်ဘာ ၁၂ ရက်၊ ဆီမီးဖိုင်နယ်ပွဲများကို နိုဝင်ဘာ ၁၄ ရက်၊ ဗိုလ်လုပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ MFF သည် ယင်းပြိုင်ပွဲကို 100 Plus ၏ အကူအညီဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆုကြေးအဖြစ် ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်း၊ တတိယဆု ကျပ်ငါးသိန်းချီးမြှင့်မည်ဖြစ်သည်။ MFF သည် လူငယ်ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ယူ-၁၄ ပြိုင်ပွဲ ကျင်းပသောကြောင့် လာမည့်နှစ်တွင် ယူ-၁၅ ပြိုင်ပွဲ ပြောင်းလဲကျင်းပမည် ဖြစ်သည်။

Most Read

Most Recent