ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း အငှားချထားသည့်ကစားသမားများမှာ (၃၁) ဦးအထိရှိနေပြီး ယင်းထဲတွင် ဘတ်ရှူအာယီ၊ ဘာကာယိုကို၊ ဇူးမား၊ ကန်နေဒီ အစရှိသည့် ကစားသမားများပါဝင်နေကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် နှစ်စဉ်နှစ်တိုင်း အသင်းမှ လူငယ်ကစားသမားများနှင့် ပထမနေရာရရန် ရုန်းကန်နေရသူများကို အငှားချလေ့ရှိသည့်အသင်းဖြစ်ပြီး အငှားချသည့်ကစားသမားအရေအတွက်မှာ အလွန်များပြားနေ၍ ဝေဖန်မှုများကို ခံနေရသည့်အသင်းလည်းဖြစ်သည်။
ယခုရာသီတွင် အငှားချထားသည့်ကစားသမား (၃၁)ဦး သာရှိခဲ့ရာ ပြီးခဲ့သည့်ရာသီက အရေအတွက်ဖြစ်သည့် (၃၃)ဦးကိုလိုက်မီရန် လိုအပ်နေသေးကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ သို့သော် ဥရောပနွေရာသီအပြောင်းအရွှေ့ကာလမှာ ပိတ်သိမ်းရန် (၂)ပတ်နီးပါး ကျန်ရှိနေသေး၍ ယင်းပမာဏကို ကျော်လွန်သွားဖွယ်ရှိနေသည်။