အမျိုးသမီးသတင်းထောက်အား ပွေ့ဖက်နမ်းရှုံ့သူ ပြန်လည်တောင်းပန်

အမျိုးသမီးသတင်းထောက်အား ပွေ့ဖက်နမ်းရှုံ့သူ ပြန်လည်တောင်းပန်
Published 24 June 2018

 

Photo: Deadline

ကိုလံဘီယာနိုင်ငံသူ အမျိုးသမီးသတင်းထောက် ဂျူလိယက်ဂွန်ဇာလက်ဇ်သီရန်ဆိုသူ အမျိုးသမီးအား တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေစဉ် ပွေ့ဖက်နမ်းရှုံ့ခဲ့သည့် ရုရှားနိုင်ငံသားသည် ၎င်း၏အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဂွန်ဇာလက်ဇ်သီရန်သည် ဂျာမန်အခြေစိုက် Deutsche Well (DW) ရုပ်သံဌာနအတွက် တိုက်ရိုက်တင်ဆက်မှုပြုလုပ်စဉ် အမျိုးသားတစ်ဦးက ပွေ့ဖက်၍ ဝဲဘက်ပါးပြင်အား နမ်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းသည် လက်တစ်ဖက်က သီရန်၏ပခုံးကိုဖက်ကာ အခြားလက်တစ်ဖက်က ရင်သားအားထိတွေ့ကိုင်တွယ်ခဲ့ကြောင်း သတင်းများကဖော်ပြရာ ပြင်းထန်စွာ ဝေဖန်ခံနေရသည်။

ထို့ကြောင့် ၎င်းင်းက ဂွန်ဇာလက်ဇ်သီရန်ထံ ဗီဒီယိုဖြင့် ဖုန်းခေါ်ဆို၍ တောင်းပန်ကြောင်းပြောကြားခဲ့ပြီး ယင်းကဲ့သို့ တောင်းပန်မှုကို DW ရုပ်သံက ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

Most Read

Most Recent