Photo: talkSPORT
စပါးအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒမ်ဘီလီအားခေါ်ယူရန် စီးရီးအေအသင်းကြီး(၃)သင်းဖြစ်သည့် ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် နာပိုလီအသင်းတို့က အပြိုင် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။
အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သည့် ဝါရင့်ကွင်းလယ်လူ ဒမ်ဘီလီသည် စပါးအသင်းတွင် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ ပြီး အသင်းတာဝန်ရှိသူများကလည်း သူ့အားရောင်းချရန် စီစဉ်နေကြသည်။
အင်တာမီလန်အသင်းသည် ယခုနွေရာသီအစောပိုင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၉)သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ပြီး ယခု ဂျူဗင်တပ်စ်အသင်းကလည်း ၎င်းကို တရားဝင်ကမ်းလှမ်းရန်စီစဉ်နေ ကြောင်း Sky Italia သတင်းဌာနက ဖော်ပြခဲ့သည်။