ဗိုလ်လုပွဲများနှင့် ကံမစပ်သည့် ယာဂန်ကလော့ပ် ခြောက်ကြိမ်တွင် တစ်ကြိမ်သာ အနိုင်ရထား

ဗိုလ်လုပွဲများနှင့် ကံမစပ်သည့် ယာဂန်ကလော့ပ် ခြောက်ကြိမ်တွင် တစ်ကြိမ်သာ အနိုင်ရထား
Published 4 May 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ဗိုလ်လုပွဲများတွင် ကံကောင်းလေ့ရှိသူ မဟုတ်ဘဲ နည်းပြဘဝတစ်လျှောက် ဖလားဗိုလ်လုပွဲ ခြောက်ကြိမ်တက်ရောက်ဖူးသော်လည်း တစ်ကြိမ်သာ အနိုင်ရဗိုလ်စွဲထားကြောင်း သိရသည်။

ကလော့ပ်သည် ဒေါ့မွန်အသင်းအား ကိုင်တွယ်စဉ် ၂၀၁၂ ခုနှစ်တွင် ဂျာမန်ဖလား၊ ၂၀၁၃ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် ဂျာမန်ဖလား ဗိုလ်လုပွဲများ တက်ရောက်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်စဉ် ၂၀၁၆ ခုနှစ်တွင် လိဂ်ဖလား နှင့် ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲတက်ရောက်ခဲ့ဖူးသည်။

သို့သော် ယင်းခြောက်ကြိမ်အနက် ၂၀၁၂ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းအား (၅-၂) ဂိုးဖြင့် အနိုင်ရသည့် တစ်ကြိမ်သာ ချန်ပီယံဖလား ရရှိဖူးပြီး ကျန်ငါးကြိမ်တွင်မူ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းအား ၁၁ နှစ်ကြာဝေး ကွာနေသည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ထပ်မံပို့ ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ရာ ၎င်းက “ဒီညထက် ပိုကောင်းအောင် ကစားနိုင်ဖို့တော့လိုတယ်။ သတင်းကောင်းကတော့ ကျွန်တော်တို့အနေနဲ့ ဒီညထက်ပိုကောင်းအောင် ကစားနိုင်တယ် ဆိုတာပါပဲ” ဟု ပြောကြားသည်။

Most Read

Most Recent