ဘတ်ရှူအာယီအတွက် ချယ်လ်ဆီး ယူရို(၅၇)သန်းအလိုရှိ

ဘတ်ရှူအာယီအတွက် ချယ်လ်ဆီး ယူရို(၅၇)သန်းအလိုရှိ
Published 26 April 2018

 

Photo: Metro

ချယ်လ်ဆီးအသင်းမှ ဂျာမန်ကလပ် ဒေါ့မွန်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီသည် ဒေါ့မွန်၌သာ အပြီးသတ်စာချုပ်ချုပ်ဆိုပြီးကစားရန် ဆန္ဒရှိနေပြီး သူ၏ ကလပ်အသင်းကလည်း သူ့အား အပြီးသတ်ရောင်းချရန်စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဘတ်ရှူအာယီအတွက် ယူရို(၅၇)သန်းခန့်အလိုရှိနေကြောင်း သိရှိရသည်။ ဒေါ့မွန်အသင်းတာဝန်ရှိသူများက နွေရာသီတွင် ဘတ်ရှူအာယီကို အပြီးသတ်ခေါ်ယူရန်ကမ်းလှမ်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent