မာစီယဲလ်အား ပေါင်သန်း(၆၀)ဖြင့်ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထားနေ

မာစီယဲလ်အား ပေါင်သန်း(၆၀)ဖြင့်ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထားနေ
Published 19 April 2018

Photos: The Sun

 

 

မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ် နေသော ပြင်သစ်လူငယ်တိုက်စစ်မှူး မာစီယဲလ်အားခေါ်ယူရန် ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် မာစီယဲလ်အား ပေါင်သန်း(၆၀)ဖြင့် ကမ်းလှမ်းရန်စဉ်းစားနေသည်ဟု ယင်းသတင်းစာက ဖော်ပြခဲ့သည်။

မာစီယဲလ်သည် ၂၀၁၉ ခုနှစ်၊ နွေရာသီအထိ မန်ယူအသင်းနှင့် စာချုပ်သက်တမ်းရှိသော်လည်း အသင်းတွင် ပုံမှန်ကစားခွင့်မရရှိခြင်းကြောင့် သူ၏အနေအထားကို စဉ်းစားနေပြီဖြစ်ကြောင်း ပြင်သစ်သတင်းစာများက ဖော်ပြခဲ့ကြသည်။

အထူးသဖြင့် ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အသင်းမှ ချီလီတောင် ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ရောက်ရှိလာပြီး မာစီယဲလ်မှာ (၄)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သလို၊ အသင်းတွင်လည်း ဂိုးမသွင်းနိုင်တော့ဘဲ ဂိုးပေါက်ပျောက်ဆုံးလျက်ရှိနေသည်။

သူ့အနေဖြင့် ပွဲအများစုကို လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိနေရာ လက်ရှိအခြေအနေအပေါ် ပျော်ပိုက်ခြင်းမရှိတော့ ဟု ပြင်သစ်သတင်းစာများက ဖော်ပြခဲ့ကြသည်။ ထို့ပြင် ဆန်းချက်ဇ်မှာ သူ၏ဘယ် တောင်ပံတိုက်စစ်နေရာတွင် ကစားနေသဖြင့် နည်းပြ မော်ရင်ဟိုက သူ့အား ညာတောင်ပံ တွင်ကစားစေရာ မာစီယဲလ်မှာ ယင်းကဲ့သို့ ကစားရခြင်းကိုလည်း သဘောမကျဖြစ်နေ ကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်း သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ကာလအတွင်းကလည်း မာစီယဲလ်ကိုခေါ်ယူရန် ပစ်မှတ်ထားခဲ့ဖူးပြီး ဒေါ့မွန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး အူစမန်ဒမ်ဘီလီကိုခေါ်ယူခဲ့၍ ၎င်းအား မခေါ်ယူဖြစ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent