လက်နက်အင်အား လျော့နည်းလာသည်ဟူ‌‌သော စိုးရိမ်မှုများကြောင့် အမေရိကန်က အီရန်ကိုတိုက်ခိုက်မှုများ ရပ်ဆိုင်းထား

လက်နက်အင်အား လျော့နည်းလာသည်ဟူ‌‌သော စိုးရိမ်မှုများကြောင့် အမေရိကန်က အီရန်ကိုတိုက်ခိုက်မှုများ ရပ်ဆိုင်းထား
Published 26 July 2026

​အမေရိကန်က ငါးလနီးပါး ကြာမြင့်လာပြီဖြစ်သော စစ်ပွဲကို ရပ်ဆိုင်းလိုက်ပြီး စစ်ရေးအရှိန်မြှင့်တင်ရန် အစီအစဉ်များကို လက်နက်ခဲယမ်း လျော့နည်းလာမှု စိုးရိမ်ချက်များက ဟန့်တားနေကြောင်း သတင်းများထွက်ပေါ်လာသဖြင့် ဇူလိုင် ၂၆ ရက်တွင် အီရန်သည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုမရှိသည့်။ နောက်ထပ်ညတစ်ညကို ဖြတ်သန်းခဲ့သည်။

​အမေရိကန်၏ သီတင်းနှစ်ပတ်ဆက် ညစဉ်ဗုံးကြဲတိုက်ခိုက်မှုများအပြီး ယခုကဲ့သို့ စစ်ရေးခေတ္တငြိမ်သက် သွားမှုကြောင့် ဆွေးနွေးပွဲများထံ ပြန်လည်ဦးတည်နိုင်မည်ဟူသော မျှော်လင့်ချက်များ စတင်နိုးထလာသည်။

သို့သော်လည်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ယခုကဲ့သို့ စစ်ရေးရပ်ဆိုင်းရခြင်းမှာ ပက်ထရီယော့ ဒုံးခွင်းဒုံးများနှင့် အခြားကာကွယ်‌ ရေးလက်နက်များ သိုလှောင်ထားရှိမှုနှင့်ပတ်သက်၍ဖိအား ဝင်လာခြင်းကို ထိန်းညှိခြင်းဖြစ်နိုင်ကြောင်း သိရသည်။

​ဟော်မုဇ် ရေလက်ကြားကို အခြေခံသည့် တိုက်ပွဲများသည် ဝါရှင်တန်နှင့် တီဟီရန်တို့၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပျက်စီးစေခဲ့ပြီး ထိုမှတစ်ဆင့် အဓိက စွမ်းအင်လမ်းကြောင်းပြင်ပရှိ အမေရိကန်စခန်းများ၊ ဒေသတွင်း သင်္ဘောသွားလာရေးနှင့် ပင်လယ်ကွေ့ မဟာမိတ်များအထိ ပဋိပက္ခများ ကျယ်ပြန့်လာခဲ့သည်။

ဇူလိုင် ၂၈ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်‌ နေတန်ယာဟု ဝါရှင်တန်သို့ သွားရန် ရှိနေစဉ် အမေရိကန် ဘက်က တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်ပါက စစ်ပွဲမှာ ယခုထက်ပို၍ ကျယ်ပြန့်လာ မည်ဟု အီရန်စစ်တပ်က ဇူလိုင် ၂၆ ရက်တွင် သတိပေးခဲ့သည်။

​"အမေရိကန်တွေအနေနဲ့ ဇီယွန်နစ် (အစ္စရေး) တွေရဲ့ လှည့်ကွက်ထဲမှာ နောက်တစ်ကြိမ် ထပ်ပြီး သက်ဆင်းမိရင် ဒါမှမဟုတ် သူတို့နဲ့ တစ်လေသံတည်းထွက်ပြီး စစ်ပွဲကို၊အထူးသဖြင့် လေကြောင်းတိုက်ခိုက် မှုတွေကိုဆက်လုပ်နေမယ်ဆိုရင် ဒီစစ်ပွဲဟာ ပထဝီဝင်အနေအထားအရ ယခုထက်ပိုပြီး ကျယ်ပြန့်လာ မှာဖြစ်ပါတယ်" ဟု အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာခရာမီနီးယားက နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

​တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၄ ရက်တွင် "ပိုမိုပြင်းထန်သည့် အဆင့်" ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသော်လည်း အီရန်ကို အမေရိကန်၏ စစ်ဆင်ရေးများခေတ္တရပ် ဆိုင်းထားသည်ဟု ပင်တဂွန်မှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို CNNက ကိုးကားဖော်ပြခဲ့သည်။

Ref:AFP ,Photos: AFP

Most Read

Most Recent