ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Published 25 July 2026

ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးကြောင်း သိရသည််။

ဇူလိုင် ၂၄ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်ဦးဆောင်သည့်အဖွဲ့သည် ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့မှုအခြေအနေများကို မေးမြန်းကြပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ ဗိုလ်ချုပ်လမ်းတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့မှ ကျန်းမာရေးနှင့် ညီညွတ်သော ပစ္စည်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးစီမံ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့၊ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေးနေမှုများကို ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲသည် ဖလမ်းမြို့၊ ရပ်ကွက်များရှိ နေရပ်စွန့်ခွာ၍ ပြန်လည် ဝင်ရောက်လာသော ဒေသခံပြည်သူများ၏ နေအိမ်များသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားရေရိက္ခာများ ရရှိမှုအခြေအနေတို့ကို ကြည့်ရှုကြရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို ဒေသခံပြည်သူများမှ ဝိုင်းဝန်းပြုပြင်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

Most Read

Most Recent