■ ပဋိပက္ခများ ပိုမိုပြင်းထန်လာစဉ် ဆော်ဒီအာရေးဗျကို တိုက်ခိုက်ခဲ့သည်ဟု ဟူရ်သီ ပြောကြား

■ ပဋိပက္ခများ ပိုမိုပြင်းထန်လာစဉ် ဆော်ဒီအာရေးဗျကို တိုက်ခိုက်ခဲ့သည်ဟု ဟူရ်သီ ပြောကြား
Published 25 July 2026

အရှေ့အလယ်ပိုင်းစစ်ပွဲ နယ်ပယ်ကျယ်ပြန့်လာခြင်းနှင့်အတူ ဆော်ဒီအာရေးဗျ၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သွားမည်ဟု ကြိမ်းဝါးခဲ့ပြီး‌နောက် နာရီပိုင်းအကြာ ဇူလိုင် ၂၅ ရက်တွင် အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာ‌ရေးဗျကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယီမင်၏ ဟူရ်သီအဖွဲ့က ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သည့် ဆော်ဒီနိုင်ငံ၏ သင်္ဘောများကို ပင်လယ်ရေကြောင်းပိတ်ဆို့တားဆီးမှုများ ပြုလုပ်သွားမည်ဟု ကြေညာကာ သင်္ဘောများကို တိုက်ခိုက်ခဲ့ပြီးနောက် ဆော်ဒီက ဟိုဒေဒါမြို့ရှိ ဟူရ်သီစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဇူလိုင်၂၄ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဟူရ်သီမီဒီယာက ဖော်ပြခဲ့သည်။

လွန်ခဲ့သော ဖေဖော်ဝါရီလထဲတွင် အမေရိကန်နှင့် အစ္စရေးတို့က တီဟီရန်ကို လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းစစ်ပွဲ ကူးစက်လာခဲ့ရာ ယခုဖြစ်စဉ်သည် စစ်ပွဲ၏ စစ်မျက်နှာသစ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် အီရန်ဘက်ကလည်း ဆော်ဒီ၏ အဓိကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိုင်ဆိုင်ကြောင်းပြသသည့်အနေဖြင့် ရေကြောင်းပိတ်ဆို့မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်နေချိန်လည်းဖြစ်သည်။

ဆော်ဒီ၏ လုပ်ဆောင်ချက်များသည် "စိုးရိမ်ဖွယ်ရာ စစ်ရေးအရှိန်မြှင့်တင်မှု" ဖြစ်သည်ဟု ဟူရ်သီသူပုန်များက စွပ်စွဲထားပြီး ယင်းလုပ်ရပ်များကို"လက်ပိုက် ကြည့်နေမည်မဟုတ်ဘဲ အရေးယူဆောင်ရွက်သွားမည်" ဟု ပြောကြားခဲ့သည်။

ဇူလိုင် ၂၅ ရက် နံနက်စောစောပိုင်းတွင် ဟူရ်သီတို့၏ အန်ဆာရိုလာမီဒီယာက တယ်လီဂရမ်မှတစ်ဆင့် သတင်းထုတ်ပြန်ရာ၌ ရေနီပင်လယ်ကမ်းခြေရှိ ဆော်ဒီတောင်ပိုင်း ဂျီဇန်မြို့တွင် ယီမင်တို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ဟူရ်သီတို့၏ ထိုပြောကြားချက်နှင့် ပတ်သက်၍ ဆော်ဒီအာရေးဗျဘက်က ချက်ချင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Ref: AFP

photos: AFP

 

Most Read

Most Recent