သီရိလင်္ကာသည် အယ်နီညိုမိုးလေဝသ ဖြစ်စဉ်ကြောင့် ကြီးမားသောရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆိုးရွားသည့် မိုးခေါင်မှု ဆီဦးတည်နေသည်ဟု ပတ်ဝန်းကျင် ဝန် ကြီး က ဇူလိုင် ၂၃ ရက်တွင် သတိပေးခဲ့သည်။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ် ဝန်း ပြင်းထန်မိုးလေဝသဖြစ်စဉ်များ ဖြစ် ပေါ်မှုကို အကြိမ်ရေနှင့် ပြင်းထန်မှုတို့တိုး လာစေမည်ဟု သိပ္ပံပညာရှင်များက ပြော ကြားသည်။
ယခုနှစ်တွင် အယ်နီညို တစ်ကျော့ပြန်လာ ခြင်းက လေကြောင်းပုံစံများနှင့် မိုးရွာသွန်းမှု ပုံစံများကို အပြောင်းအလဲဖြစ်စေမည်ဟု မျှော်မှန်းထားသည်။ အီကွေတာရပ်ဝန်း ပစိ ဖိတ်သမုဒ္ဒရာ၏အလယ်ပိုင်းနှင့် အရှေ့ပိုင်း တွင် ရေမျက်နှာပြင်အပူချိန်များ ပူနွေးခြင်း ကြောင့် အယ်နီညို ဖြစ်ပေါ်သည်။
အာဏာပိုင်တို့က စက်တက်ဘာလကုန် ပိုင်းအထိ ပြင်းထန်ခြောက်သွေ့မှုဖြစ်ပေါ် မည်ဟု ခန့်မှန်းထားသောကြောင့် သီရိလင်္ကာ သည် ဆည်မြောင်းသွယ်ခြင်းနှင့် အရန် သောက်ရေတို့အတွက် စီမံခန့်ခွဲနေသည်ဟု ပတ်ဝန်းကျင် ဝန်ကြီး ဒမ်မီခါပါတာဘန်ဒီက ပြောကြားခဲ့သည်။
လာမည့် နှစ်လတွင် ရေပြတ်လပ်မှုဖြစ် ပေါ်မည်ဟု မျှော်မှန်းထားသောကြောင့် ပြည် သူတို့သည် သုံးရေကို ချွေတာသင့်သည်ဟု ဝန်ကြီးက ပြောကြားသည်။
သီရိလင်္ကာသည် ဒစ်ဝါးဆိုင်ကလုန်းမုန် တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့သည်။ ထိုမုန်တိုင်းက ပြည်သူ ၂၂ သန်းနေထိုင်ရာ နိုင်ငံကို ထိခိုက်စေခဲ့သည်။ အခြေခံလမ်းတံ တားအဆောက်အအုံ ပျက်စီးမှုသည် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလျံ ခန့်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
Ref; AFP
Photo-AFP















