ပုဇွန်တောင်မြို့နယ် ရေကျော်အိမ်ကြီးလမ်းတွင် တိုက်ခန်းတံခါးသော့ကျန်ခဲ့သဖြင့် ပြန်ယူသည့် လူတစ်ဦးသံပန်းဘာဂျာတံခါးညှပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၃ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော်အိမ်ကြီးလမ်းရှိ တိုက်ခန်းလှေကားခွင်ရှိ သံပန်းဘာဂျာတံခါးတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ခေါင်းညှပ်ပြီး သေနေလို့ ပတ်ဝန်းကျင်က လူမှုကူညီရေးအသင်းကို အကြောင်းကြားလိုက်တာ။ ကြည့်ရတာ ညကတည်းဖြစ်နေတာဖြစ်နေတာဖြစ်မယ်။ လူတွေလည်း သူညှပ်နေတာကိုမသိလိုက်တော့ အကူအညီလည်း တောင်းလို့မရတော့ ဆုံးသွားတာဖြစ်မယ်" ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခမဲ ပို့ဆောင်ပေးခဲ့ကြောင်း၊ သေဆုံးသူမှာ အပေါ်ဆုံးထပ်တွင် နေထိုင်သူဖြစ်ပြီး တိုက်ခန်းသော့ ကျန်ရစ်ခဲ့သဖြင့် ရသလို ကျော်ဝင်ရင်း သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
■ ဓာတ်ပုံ- ကိုပူတူးနှင့်ဘော်ဒါများ















