ဗြိတိန် လေဘာပါတီခေါင်းဆောင် ဘန်းဟမ်းက ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းရယူ

ဗြိတိန် လေဘာပါတီခေါင်းဆောင် ဘန်းဟမ်းက ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းရယူ
Published 21 July 2026
Ref:BBC

ဗြိတိန်နိုင်ငံ၏ လေဘာပါတီခေါင်းဆောင် အန်ဒီဘန်းဟမ်းသည် ဇူလိုင် ၂၀ ရက်တွင် ဝန်ကြီးချုပ်ရာထူးကို တရားဝင်လွှဲပြောင်းယူခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ယခင်ဝန်ကြီးချုပ် ကီယာစတာမာက ဗြိတိန်ဝန်ကြီးချုပ်ရာထူးနှင့် လေဘာပါတီ ခေါင်းဆောင်ရာထူးတို့မှ နှုတ်ထွက်ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့ပြီးနောက် ဘန်းဟမ်းသည် လေဘာပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရကာ စတာမာ၏ နေရာကို ဆက်ခံခဲ့သူဖြစ်လာခဲ့သည်။

ဘန်းဟမ်းသည Greater Manchester မြို့တော် ဒေသ၏ မြိုတော်ဝန်ဟောင်းဖြစ်ပြီး နိုင်ငံရေး နယ်ပယ်တွင် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်းကို ထောက်ခံသူများကမူ ဘန်းဟမ်းသည် ဗြိတိန်တစ်ဝန်ရှိ လူထုအသိုင်းအဝိုင်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နားလည်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး အစိုးရအဖွဲထံ အယူအဆသစ်များ ယူဆောင်လာပေးမည်ဟု ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

သို့သော် အထွေထွေရွေးကောက်ပွဲ မကျင်းပဘဲ ဘန်းဟမ်းအနေဖြင့်ဝန်ကြီးချုပ် ဖြစ်သင့်၊ မဖြစ်သင့် ဆိုသည့်အချက်ကို အချို့က မေးခွန်းထုတ်လျက်ရှိသည်။

 

Most Read

Most Recent