၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အန်ဆယ်လော့တီနဲ့ ဆက်ပြီးလက်တွဲသွားမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အန်ဆယ်လော့တီနဲ့ ဆက်ပြီးလက်တွဲသွားမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု
Photo: X
Photo: X
Published 8 July 2026

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးလက်တွဲသွားမယ်လို့ အတည်ပြုခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ စာချုပ်ချုပ်ဆိုထားတာကြောင့် စာချုပ်သက်တမ်းပြည့်တဲ့အထိ လက်တွဲသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အန်ဆယ်လော့တီက ဘရာဇီးလ်အသင်းကို ၂၀၂၅ မေလမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မူလက တစ်နှစ်စာချုပ်သာ ချုပ်ဆိုခဲ့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင် ၂၀၂၆ မေလမှာ (၄)နှစ်သက်တမ်းတိုးခဲ့တာပါ။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အချိန်ယူပြင်ဆင်ခွင့်ရရှိမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ အဓိကရည်မှန်းခဲ့ခြင်းဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အန်ဆယ်လော့တီက ဘရာဇီးလ်အသင်းကို (၁၆)သင်းအဆင့် ရောက်ရှိအောင်သာ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်နည်းပြအဖြစ် တစ်နှစ်လစာ ယူရို(၁၀)သန်းရရှိနေတဲ့ အန်ဆယ်လော့တီက နည်းပြအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အီတလီလူမျိုး အန်ဆယ်လော့တီဟာ ကလပ်အသင်းများစွာကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမဲ့ လက်ရွေးစင်နည်းပြအတွေ့အကြုံကတော့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတာသာရှိကြောင်း သိရပါတယ်။

 

Most Read

Most Recent