လိဒ်စ်ဂိုးသမားဟောင်း အီလန်မယ်လီယာကို အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

လိဒ်စ်ဂိုးသမားဟောင်း အီလန်မယ်လီယာကို အာဆင်နယ်အသင်း သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 8 July 2026

အာဆင်နယ်အသင်းဟာ လိဒ်စ်ဂိုးသမားဟောင်း အီလန်မယ်လီယာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။

မယ်လီယာ(၂၆ နှစ်)ဟာ သက်တမ်းအလိုက် ပြင်သစ်လူငယ်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရပေမဲ့ ပြင်သစ်လက်ရွေးစင်အဖြစ်တော့ ရွေးချယ်မခံရသေးပါဘူး။

မယ်လီယာဟာ လိဒ်စ်အသင်းမှာ ပြိုင်ပွဲစုံ (၂၁၅)ပွဲ ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာတော့ တစ်ပွဲမှ ကစားခွင့်မရဘဲ နေရာပျောက်ခဲ့ရပါတယ်။

ဒါကြောင့် စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ အခု နွေရာသီမှာ လမ်းခွဲခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက မယ်လီယာကို တတိယဂိုးသမားအဖြစ်သာ အသုံးပြုဖို့ ခေါ်ယူခြင်းဖြစ်ပြီး လက်ရှိတတိယဂိုးသမားဖြစ်တဲ့ တွမ်မီဆက်ဖို့ဒ်ကို အငှားချဖွယ်ရှိကြောင်း သိရပါတယ်။

မယ်လီယာက အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုပြုလုပ်ခဲ့ပြီးပြီဖြစ်သလို၊ လက်မှတ်လည်းရေးထိုးပြီးပြီဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အတည်ပြုထုတ်ပြန်ကြေညာဖို့သာ လိုတော့ကြောင်းလည်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။

 

Most Read

Most Recent