■    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေး

■    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေး
Published 4 July 2026

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေး

■ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး ဆွေးနွေး

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry တို့သည် ဗီယင်ကျန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry က ယနေ့(ဇူလိုင် ၄ ရက်) နေ့လယ်ပိုင်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ တွေ့ဆုံရာတွင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း လာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအနေဖြင့် တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး  နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်နှင့် ရာစုနှစ်များစွာကြာမြင့်သည့် သမိုင်းဝင်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ ယခုခရီးစဉ်အတွင်း လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုအဆင့်မြှင့်တင်ရေး၊ အစိုးရချင်း၊ လွှတ်တော်ချင်းနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား နှစ်စဉ်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုမြှင့်တင်ရေး၊ လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများတွင် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ မြွေဆိပ်ဖြေဆေး ပံ့ပိုးရေးကဲ့သို့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနှင့် လာအို နိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သည့်အတွက် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent