ယူကရိန်းနိုင်ငံ၏မြို့တော်ကိယက်ဗ်ကို ရုရှားက ဒုံးကျည်နှင့် ဒရုန်းများဖြင့် အပြင်းအ ထန်တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး ၃၀ သေ ဆုံးခဲ့ပြီးနောက်၊ လေးနှစ်ကျော် ကြာမြင့်နေ ပြီဖြစ်သောစစ်ပွဲအတွင်း နှစ်ဖက်စလုံးက တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင် သွားမည်ဟု ကြုံးဝါးခဲ့ကြသည်။
ဇူလိုင် ၂ ရက်တွင်ရုရှား၏အကြီး အကျယ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေ တိုက်ခန်း အဆောက်အအုံများ ပြိုပျက်ခဲ့ရပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် ဗုံးခိုကျင်းများထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်း စကီးက ပျက်စီးသွားသော တိုက်ခန်းများကို သွားရောက်စစ်ဆေးစဉ် တိုက်ခိုက်ခံရမှုအ တွက် မိမိတို့၏တပ်ဖွဲ့များက မလွဲမသွေ တုံ့ပြန်လက်စားချေသွားမည်ဟု ပြောကြားခဲ့ သည်။
ထို့အပြင် ဇလန်းစကီးကနိုင်ငံအတွင်း ပက်ထရီယော့ (patriot) လေကြောင်း ရန်ကာကွယ်ရေး ဒုံးကျည်များ ထုတ်လုပ် ခွင့်လိုင်စင်ရရှိရေးအတွက် အမေရိကန် ပြည် ထောင်စုကို တောင်းဆိုလိုက်ပြီး ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန်ကလည်း ရုရှားကို ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်ရန် အဆိုပြုခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က ရုရှား၏တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်းတောင်းဆိုခဲ့သည်။
၎င်း၏ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က “အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဘယ်နေရာ မှာမဆိုတိုက်ခိုက်တာဟာ နိုင်ငံတကာလူ သားချင်းစာနာမှုဆိုင်ရာဥပဒေကို ဗြောင်ကျ ကျ ချိုးဖောက်တာဖြစ်လို့ ချက်ချင်း ရပ်တန့်ရ ပါမယ်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ကရင်မလင်နန်းတော်က ယူကရိန်းကို ဖိအားပေးမှုများ ပိုမိုလုပ် ဆောင် သွားမည်ဟုတုံ့ပြန်ခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ တွင် သွေးထွက်သံယိုအများဆုံး ဤပဋိပက္ခ တွင် ရုရှားသည် ယူကရိန်းနိုင်ငံတွင်းသို့ ဒုံး ကျည်နှင့်ဒရုန်းများဖြင့် ပုံမှန်တိုက်ခိုက်လျက် ရှိသည်။
ကိယက်ဗ်မြို့လယ်နှင့် မြို့အရှေ့ပိုင်းတို့ တွင် ပေါက်ကွဲသံ အကြိမ်ရေ တစ်ဒါဇင် ထက် မနည်း ကြားခဲ့ရပြီး၊ မြို့ခံများသည်မြေအောက် ရထားဘူတာရုံများသို့ အပြေးအလွှားထွက် ပြေးပုန်းအောင်းခဲ့ကြရသည်ဟု AFP နှင့် အခြားသတင်းဌာနများ၏ထောက်များက ပြောကြားခဲ့ကြသည်။
ဇူလိုင် ၁ ရက်ညဉ့်နက်ပိုင်းမှစတင်ကာ ဇူလိုင် ၂ ရက်နံနက်အစောပိုင်းအထိ မြို့ လယ်လူနေရပ်ကွက်များပေါ်သို့ ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းများ အဆက်မပြတ်ကျ ရောက်ပေါက်ကွဲခဲ့ပြီး မြို့တော်ကောင်း ကင် ယံတွင် မီးခိုးလုံးကြီးများ ဖုံးလွှမ်းနေခဲ့သည်။
မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက ယခုတိုက်ခိုက်မှုအား“မြို့တော်ကိုရန်သူ့ရဲ့ အကြီးမားဆုံး တိုက်ခိုက်မှု” အဖြစ် ဖော်ပြခဲ့ ပြီး၊ မြို့ပြစစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့ အကြီးအကဲ တီမူရ် တာချန်ကို၏ပြောကြား ချက်အရ ရုရှား၏တိုက်ခိုက်မှုကြောင့် ၃၀ သေဆုံးခဲ့ပြီး လူ ၉၀ ကျော် ဒဏ်ရာရ ရှိခဲ့ သည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းနိုင်ငံ၌ လူများ အဓိပ္ပယ်မဲ့ သေဆုံး နေခြင်းကို ရပ်စေချင်ကြောင်း ပြောကြားခဲ့ သည်ဟု အမည်မဖော်လိုသူ အမေရိကန်တာ ဝန်ရှိသူက ပြောကြားခဲ့သည်။
“သမ္မတထရန့်ဟာ စာနာတတ်တဲ့ နှလုံး သားရှိပါတယ်။ အဓိပ္ပာယ်မဲ့ သေဆုံးနေတာ တွေ အဆုံးသတ်သွားစေဖို့ သူက ဒီစစ်ပွဲကို အပြီးသတ်စေချင်နေပါတယ်” ဟု ရုရှားတိုက် ခိုက်မှုနှင့်ပတ်သက်၍ afp သတင်းထောက် ၏မေးမြန်းမှုကို အမေရိကန်တာဝန်ရှိသူက ဖြေကြားခဲ့သည်။
Ref : afp















