ဘယ်လာရုစ်နိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိ
Published 2 July 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူယာရှန်ကို ဦး​ဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့လိုက်ပါလာသည့် အထူးလေယာဉ်သည် ယနေ့(ဇူလိုင် ၂ ရက်)ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိလာ​ကြောင်း သိရသည်။

ထိုသို့ ​ရောက်ရှိလာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

ယင်းအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍လည်းကောင်း၊ မြန်မာကလေးငယ်နှစ်ဦးက ပန်းစည်းကမ်း၍လည်းကောင်း ဂုဏ်ပြုကြိုဆိုခဲ့​ကြောင်းသိရသည်။

Most Read

Most Recent