ဂျာမနီ လူငယ်လူမှုဖူလုံရေးစင်တာ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး

ဂျာမနီ လူငယ်လူမှုဖူလုံရေးစင်တာ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး
Published 29 June 2026

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၏အနောက်ဘက်ရှိ စတိတ်မြို့က လူငယ်များဆိုင်ရာ လူမှုဖူလုံရေးစင်တာတွင် ဇွန် ၂၉ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ငါးဦးသေဆုံးခဲ့ပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုစင်တာသည် မိခင်နှင့်ကလေးများ နေထိုင်သည့်နေရာအဖြစ်လည်း လူသိများသည့်နေရာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက နယ်မြေကို ပိတ်ဆို့ထိန်းချုပ်ထားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသေနတ်သမားနှင့် အခြားပါဝင်သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် စိုးရိမ်စရာ အန္တရာယ်မရှိတော့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

​သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဖမ်းဆီးခံရသူနှစ်ဦးစလုံးမှာ အသက် ၂၁ နှစ်ကျော်အရွယ်ရှိသူများဖြစ်ပြီး သေဆုံးသွားသူငါး ဦးမှာလူကြီးများဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်ရပ်သည် ဂျာမနီနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး သေနတ်ပစ်ခတ်မှုများထဲမှ တစ်ခုဖြစ်သည်။

ယခုပစ်ခတ်မှုသည် နေ့ကလေးထိန်းကျောင်းနှင့် မူလတန်းကျောင်းအနီးတွင်ဖြစ်ပွားခြင်းဖြစ်သည်ဟု မြို့ကောင်ဆယ်လာကာစတန်ဘရိုကယ်မန်းက ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။

Ref:AFP

Photo-AFP

Most Read

Most Recent