မြဝတီမြို့အာရှလမ်းမကြီး ရွှေထီးလက်ဘက်ရည်ဆိုင် ဘေးရှိ နေအိမ်အား ဇွန်လ ၂၅ ရက် နေ့ ည၁၀ နာရီအချိန်ခန့်က အဖြူရောင် Alphard ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၅ ရက် ည ၁၀ နာရီအချိန်ခန့်ကအာရှလမ်းမကြီးရွှေထီးလက်ဘက်ရည်ဆိုင်နှင့်ကပ်လျက် ရှိဒေါ်စမ်းစမ်းဝင်း၏နေအိမ်အားယာဉ်အမှတ် 8K….. ၊အဖြူရောင် Alphard ယာဉ်သည်အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိခြင်းဖြစ်ပြီးနေအိမ် အကာအရံနှင့်တိုင်များ ပျက်စီးသွားကာ တန်ဖိုးကျပ်သိန်း ၁၀၀ ကျော် ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နေအိမ်ပိုင်ရှင်က ပြောသည်။
ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် အိမ်ရှင်ဖြစ်သူက မြဝတီယာဉ်ထိန်းတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများချက်ချင်း ရောက်ရှိလာပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သူအား ဖမ်းဆီးထားပြီး အိမ်ကိုတိုက်မိသည့် ယာဉ်အား ကရိန်းများဖြင့် ဖယ်ထုတ်ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာဉ်ကို မဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်သူအား တည်ဆဲဥပဒေအရ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်းသိရသည်။















