မြန်မာနိုင်ငံရှိ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများသည် စွမ်းအင်လိုအပ်ချက် ကြီးမားခြင်းနှင့် စွမ်းအင်စရိတ် ကြီးမြင့်ခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် စိမ်းလန်းစိုပြည်သော စွမ်းအင်စနစ် (Green Energy) သို့ ကူးပြောင်းရန်နှင့် ကုန်ထုတ်လုပ်မှု စရိတ်စကများကို လျှော့ချရန် ကြိုးပမ်းလျက်ရှိ ကြသည်။ အဆိုပါ ကူးပြောင်းမှုလုပ်ငန်းစဉ်များတွင် ကမ္ဘာ့ထိပ်တန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် GoodWe သည် ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အထူးကိုက်ညီ မည့် Solar-Plus-Storage (ဆိုလာနှင့် ဘက်ထရီတွဲဖက်စနစ်) များကို အောင်မြင်စွာ တပ်ဆင်အသုံးပြုနေကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ “အောင်ခေတ်မှီ” ဆန်စက်ရုံ ၌ GoodWe ၏ ခေတ်မီနည်းပညာသုံး ET 50 kW Hybrid Inverter (၃) လုံး နှင့် BAT 112 kWh ဘက်ထရီစနစ် (၃) ခု ပါဝင်သော စနစ်တစ်ခုကို အောင်မြင်စွာ တပ်ဆင်လည်ပတ်လျက်ရှိသည်။ အဆိုပါစနစ်ကြောင့် ဆန်စက်ရုံ၏ နေ့စဉ်ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် ပိုမိုခေတ်မီပြီး တည်ငြိမ်စိတ်ချရသည့်အပြင်၊ စွမ်းအင် ကုန်ကျစရိတ်ကို ထိရောက်စွာ သက်သာစေသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
ဆန်စက်လုပ်ငန်းများသည် များသောအားဖြင့် စက်ပစ္စည်းများ စတင်လည်ပတ်ချိန်တွင် စွမ်းအင်လိုအပ်ချက်မှာ အဆမတန် မြင့်မားလေ့ရှိသည်။ GoodWe ၏ ခေတ်မီစနစ်သည် လုပ်ငန်းခွင်အတွင်းရှိ စက်ပစ္စည်းများ၏ ဗို့အားကို တည်ငြိမ်အောင် ထိန်းညှိပေးနိုင်သည့်အပြင်၊ စွမ်းအင်ပြတ်တောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်တိုင် မီးလိုင်းနှင့် ဘက်ထရီလိုင်းအကြား ပြောင်းလဲချိန်မှာ ၁၀ မီလီစက္ကန့် (<10 ms) အောက်သာ ရှိသဖြင့် စက်ရုံတွင်း စက်ပစ္စည်းများ အရှိန်ပျက်ရပ်ဆိုင်းသွားခြင်းမရှိဘဲ စက္ကန့်ပိုင်းအတွင်း အလိုအလျောက် အစားထိုးလည်ပတ်ပေးနိုင်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လည်ပတ်ချိန် ကြန့်ကြာမှုမရှိစေရန် နည်းပညာအရ ထိရောက်စွာ အကာအကွယ်ပေးနိုင်ကြောင်း သိရသည်။
အဆိုပါ ဆိုလာနှင့် စွမ်းအင်သိုလှောင်မှုစနစ်ကို အောင်မြင်စွာ ပြောင်းလဲအသုံးပြုခဲ့ပြီးနောက် အောင်ခေတ်မှီ ဆန်စက်ရုံအနေဖြင့် စွမ်းအင်အသုံးစရိတ်ကို ၆၀ ရာခိုင်နှုန်းကျော်အထိ ထိရောက်စွာ လျှော့ချနိုင်ခဲ့သည်။
၎င်းအပြင် အစားထိုးစွမ်းအင်အသုံးပြုမှုကို မြှင့်တင်နိုင်ခဲ့ခြင်းကြောင့် တစ်နှစ်လျှင် ယူနစ်ပေါင်း ၂ သိန်း ၁ သောင်းခန့်သက်သာစေမည်ဖြစ်သည်။ အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်သည် တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကိုပါ တန်ချိန် ၁,၀၀၀ ကျော်အထိ လျှော့ချပေးနိုင်သဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
GoodWe မြန်မာနိုင်ငံ၏ Country Manager ဖြစ်သူ Henry က "ကျွန်တော်တို့အနေနဲ့ ဒီပရောဂျက်ကို အပြည့်အဝ ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဆိုလာစွမ်းအင် တိုးတက်အသုံးပြုနိုင် ရေးအတွက် ဆက်လက်ပါဝင်ကူညီဖို့ အသင့်ရှိပါတယ်။ စက်မှုနှင့် စီးပွားရေးလုပ်ငန်းသုံး စွမ်းအင်သိုလှောင်မှု ကဏ္ဍမှာ မြန်မာနိုင်ငံ၌လည်း ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ခုအနေနဲ့ ရပ်တည်ပြီး၊ ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းတွေကို ရေရှည်တည်တံ့တဲ့ စိမ်းလန်းစိုပြည်တဲ့ အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်အောင် စွမ်းဆောင်ရည်မြင့်မားတဲ့ စနစ်တွေကို ဆက်လက်ပံ့ပိုးပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။















