သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင်များမှ ဉာဏ်ပူဇော်ခ ဂုဏ်ပြုငွေ နှင့် စာအုပ်စာပေ များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၁ ရက် ၊ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက် ၊ ရှိ အေးမြဂရုဏာ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် တွေ့ဆုံလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာ အသင်းဝင် များ၊ စာပေချစ်သူများ ၊ ဒေသခံ စာပေ ဝါသနာ ပါသူများ စုပေါင်းပြီးတော့ လာရောက်ပြီးတော့ ဝန်းရံ ဂုဏ်ပြုပေးတဲ့ ပွဲဖြစ်ပါတယ်။ အသင်းပိုင် ငွေထဲက ၃ သိန်း ဂုဏ်ပြု ချီးမြှင့်ပေးပြီး ၊ စာအုပ် မျိုးစုံ ကိုလည်း ပေးအပ် ချီးမြှင့်ပေးခဲ့တယ်။ မိမိ တို့ ဆန္ဒအလျှောက် လှူဒါန်းထားကြတဲ့ အလှူရှင် တွေ လည်း စာအိတ် ၅ ခု နဲ့ ပေးအပ်ခဲ့တယ်။ စိတ်ဓါတ်ရေးရာ ခွန်အား ပေးခဲ့ပါတယ်။ စာပေ လေ့လာနိုင်ဖို့ အတွက် အကြောင်းအရာ လေးတွေလည်း လမ်းခင်းပေးခဲ့တယ်။ စာပေ နဲ့ ပတ်သက်ပြီးတော့လည်း အချိန်မရွေး အကူအညီ ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောခဲ့တယ်”ဟု တောင်ကြီးမြို့နယ် စာရေးဆရာ အသင်း ဥက္ကဌ ခင်(တောင်ကြီး) က ပြောသည်။
တောင်ကြီးမြို့နယ် စာရေးဆရာအသင်း မှ မအိမ့်ချစ်သူ အတွက် အလှူငွေ ၃ သိန်းကျပ် နှင့် စာအုပ် စာပေများကို ပေးအပ်လှူဒါန်းခဲ့ကာ ၊ ဂုဏ်ပြုလက်မှတ်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သာ(တောင်ကြီး)















