■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area)သို့ သွားရောက်လေ့လာ

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area)သို့ သွားရောက်လေ့လာ
Published 18 June 2026

နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဧရိယာ (Shanghai Lingang Special Area) သို့ ယနေ့ (ဇွန်၁၈ ရက်)တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

တရုတ်နိ်ုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်သည် လင်းကန်အထူးဒေသသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက ရှန်ဟိုင်းမြို့တွင်ပြုလုပ်သည့် Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

Most Read

Most Recent