■ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) က Aerohub၊ Aeroplay တို့နှင့် ပူးပေါင်း၍ လေယာဉ်ပေါ်တွင် လွယ်ကူစွာ WiFi ချိတ်ဆက်နိုင်သည့် Wireless In-Flight Entertainment စနစ် မိတ်ဆက်

■ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) က Aerohub၊ Aeroplay တို့နှင့် ပူးပေါင်း၍ လေယာဉ်ပေါ်တွင် လွယ်ကူစွာ WiFi ချိတ်ဆက်နိုင်သည့် Wireless In-Flight Entertainment စနစ် မိတ်ဆက်
Published 18 June 2026

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) က Aerohub၊ Aeroplay တို့နှင့် ပူးပေါင်း၍ လေယာဉ်ပေါ်တွင် လွယ်ကူစွာ WiFi ချိတ်ဆက်နိုင်သည့် Wireless In-Flight Entertainment စနစ်ကို ဇွန် ၁၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါစနစ်သည် Aerohub မှ onboard wireless entertainment platform ပံ့ပိုးပေးထားပြီး Aeroplay Entertainment မှ ခရီးသည်များအတွက် ရွေးချယ်စီစဉ်ထားသည့် entertainment content များ ပံ့ပိုးပေးထားကြောင်း၊ ခရီးသည်များအနေဖြင့် onboard Wi-Fi အားချိတ်ဆက်ပြီး မိမိတို့ ထိုင်ခုံရှေ့ရှိ QR code ကို scan ဖတ်ကာ လွယ်ကူစွာချိတ်ဆက်ပြီး မိမိတို့၏ *Smart Phone၊ Tablet၊ Laptop* စသည့် ကိုယ်ပိုင် device များပေါ်တွင် တိုက်ရိုက် Live streaming အနေဖြင့် အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Wireless Inflight Entertainment (IFE) စနစ်တွင် Hollywood movies များမှစ International movies များ Game အစီအစဉ်များ၊ TV Programs များနှင့် သီချင်းမျိုးစုံတို့ကို ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်ပြီး destination information များနှင့် passenger engagement features များလည်း ပါဝင်ကြောင်း သိရသည်။

MAI ၏ Chief Executive Officer ဖြစ်သူ Tanes Kumar က “ယခု fully wireless In-flight entertainment စနစ်အသစ်ကို မိတ်ဆက်လိုက်ခြင်းဟာ MAI ရဲ့ transformation  ခရီးစဉ်အတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဦးဆောင်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတစ်ခုအနေဖြင့် ကျွန်တော်တို့ဟာ တီထွင်ဆန်းသစ်မှု (Innovation)၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကောင်းဆုံးစံနှုန်းများ (Operational Excellence) နှင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုစံချိန်စံညွှန်းများကို အစဉ်တစိုက် လက်ခံကျင့်သုံးလျက်ရှိပြီး ခရီးသည်များကို ပိုမိုကောင်းမွန်သောခရီးသွားအတွေ့အကြုံများ ပေးဆောင်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအစီအစဉ်သည် MAI ရဲ့ ကွန်ရက်တစ်လျှောက်တွင် ခေတ်မီသော ချောမွေ့အဆင်ပြေသော ခရီးသည်ဗဟိုပြု (Customer-Centric) ခရီးသွားအတွေ့အကြုံကို ပေးအပ်နိုင်ရန် MAI ရဲ့ ကတိကဝတ်တစ်ရပ်ကို ထပ်မံအလေးပေးဖော်ပြခြင်းဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။

အဆိုပါ In-flight Entertainment platform အသစ်သည် MAI ၏ရည်ရွယ်ချက်တစ်ခုဖြစ်သည့် ဒစ်ဂျစ်တယ်သို့အသွင်ကူးပြောင်းရေး (Digital Transformation) လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းဖြစ်ပြီး hardware ပစ္စည်းများအပေါ်မှီခိုမှုကို လျှော့ချပေးသည့်အပြင် လုပ်ငန်းလိုအပ်ချက်များနှင့်အညီ အလွယ်တကူအသုံးပြုနိုင်သည် ခေတ်မီစနစ်တစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါ မိတ်ဆက်မှုအသစ်နှင့်အတူ MAI သည် မြန်မာနိုင်ငံတွင်းရှိလေကြောင်းလိုင်းများအကြား ပထမဆုံးအနေဖြင့် Fully Wireless၊ Bring Your Own Device (BYOD) onboard entertainment platform ကို အကောင်အထည်ဖော်အသုံးပြုသည့် ဦးဆောင်လေကြောင်းလိုင်းတစ်ခုဖြစ်ကြောင်း MAI က ထုတ်ပြန်သည်။

ထို့နည်းတူ Aerohub မှ Sameet Sirdeshmukh ကလည်း "MAI နှင့် ပူးပေါင်း၍ ယခု Wireless Inflight Entertainment ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းအပေါ် အထူးပင်ဂုဏ်ယူမိပါတယ်။ Aerohubရဲ့ Wireless Entertainment Platform ဟာ ခရီးသည်များအတွက် ယုံကြည်စိတ်ချရပြီး ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံတွေကို အစဉ်တစိုက်ပေးစွမ်းနိုင်ရန်အတွက် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လေကြောင်းလိုင်းတွေအနေနဲ့လည်း လေယာဉ်ပေါ်ရှိ စက်ပစ္စည်းများရဲ့ အလေးချိန်ကို လျှော့ချနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူထိရောက်စေခြင်းနှင့် ဝန်ဆောင်မှုများကို လိုအပ်ချက်များနှင့်အညီ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့အတွက်ကိုလည်း အထောက်အကူပြုပါတယ်" ဟု ပြောကြားသည်။

အလားတူ Aeroplay Entertainment မှ Subir Arora ကလည်း “အခုလို MAI၊ Aerohub တို့နဲ့အတူ ကျွန်တော်တို့ Aeroplay Entertainment တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အမျိုးမျိုးသောခရီးသည်များရဲ့ ခရီးသွားရသတို့ကို ဖြည့်ဆည်းပေးနိုင်ဖို့ စိတ်ဝင်စားဖွယ်ကောင်းပြီး ရသစုံလင်တဲ့ Entertainment Content များကို ပေးစွမ်းနိုင်ရန်အတွက်ကို အဓိကရည်ရွယ်ထားပါတယ်။ Inflight Content ရွေးချယ်ရာတွင်လည်း သက်ဆိုင်ရာ destination များနဲ့ ကိုက်ညီမှုရှိခြင်း၊ destination တွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာများကို ပိုမိုထင်ဟပ်စေခြင်းနဲ့ အမြဲတမ်း အသစ်သစ်ပြောင်းလဲနေတဲ့ Career Casino များကို ဦးစားပေးထားပြီး ခရီးသည်များရဲ့ စိတ်ဝင်စားမှုတွေကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ဟု ပြောကြားသည်။

Wireless Inflight Entertainment စနစ်သစ်အား မိတ်ဆက်အသုံးပြုမှုသည် ဒေသတွင်းရှိလေကြောင်းလိုင်း များအကြား ပိုမိုခေတ်မီသော Wireless Inflight Entertainment (IFE) နည်းပညာများကို လက်ခံအသုံးပြုလာပြီး တိုးတက်လာသည့်ခရီးသည်ဝန်ဆောင်မှုများကို ထင်ဟပ်စေကြောင်း၊ အဆိုပါ နည်းပညာများသည် လေယာဉ်ပေါ်ရှိ စက်ပစ္စည်းလိုအပ်ချက်များနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများကို လျှော့ချပေးနိုင်သည့်အပြင် ခရီးသည်များအတွက် ခေတ်မီ၊ အဆင်ပြေပြီး အရည်အသွေးမြင့်သော ခရီးသွားအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် အထောက်အကူပြုလျက်ရှိကြောင်း MAI က သတင်းထုတ်ပြန်သည်။

Most Read

Most Recent