သမ္မတ ဦးမင်းအောင်လှိုင် ဦး​ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ​​​​ပေကျင်းမြို့သို့​ရောက်ရှိ

သမ္မတ ဦးမင်းအောင်လှိုင် ဦး​ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ​​​​ပေကျင်းမြို့သို့​ရောက်ရှိ
Published 15 June 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦး​ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဇွန် ၁၅ ရက်) နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာခဲ့ပြီး ​ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ​ပေကျင်းမြို့ Capital ​လေဆိပ်သို့ ​ရောက်ရှိ​သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်သည်။

Most Read

Most Recent