အိန္ဒိယတွင် စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျပြီး တပ်ဖွဲ့ဝင် ငါးဦးသေဆုံး

အိန္ဒိယတွင် စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျပြီး တပ်ဖွဲ့ဝင် ငါးဦးသေဆုံး
Published 14 June 2026

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်ဒေ သရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ဇွန် ၁၃ ရက်က စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျခဲ့မှုကြောင့် အိန္ဒိယလေ တပ်မှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း စစ် တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အာ သံပြည်နယ်ရှိ ဂျော်ဟတ်မြို့တွင် ဖြစ်ပွားခဲ့သော An-32  လေယာဉ်မတော်တဆမှု ကြောင့် တပ်ဖွဲ့ဝင် ၅ ဦး ဆုံးရှုံးခဲ့ရသည့်အတွက် အိန္ဒိယလေတပ်အနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မတော်တဆမှုဖြစ်ပွားချိန်တွင် လေယာဉ်ပေါ် ၌ လူဦးရေမည်မျှ လိုက်ပါသွားသည် သို့မ ဟုတ် အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။သို့သော်အ မည်မဖော်လိုသည့် လေတပ်အရာရှိတစ်ဦးက တွဲဖက်လေယာဉ်မှူးတစ်ဦး အသက်ရှင်ကျန် ရစ်ကြောင်း  ပြောကြားခဲ့သည်။

NDTV ရုပ်သံလိုင်းက လေယာဉ်ပျက်ကျသည့်နေရာ မှ ပုံရိပ်များကို ထုတ်လွှင့်ပြသခဲ့ရာတွင် ထူ ထပ်သော မီးခိုးလုံးမည်းကြီးများနှင့်အတူ လေယာဉ်သည် အပိုင်းပိုင်းပြတ်တောက်သွား သည့် ပုံစံမိုျး ဖြစ်နေသည်။

An-32 လေယာဉ် အမိုျးအစားနှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ် ပွားခဲ့သော လေယာဉ်ပျက်ကျမှုမှာ ၂ဝ၁၉ ခု နှစ်က တရုတ်နိုင်ငံနယ်စပ်အနီးရှိ အာရွန်နာ ချယ်ပရာဒေ့ရှ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ထို အချိန်က လူပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။

Ref;AFP

Most Read

Most Recent