ဂျပန်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

ဂျပန်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ထား
Published 20 April 2026

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဧပြီ ၂၀ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အီဝါတီ၊ အိုမိုရီနှင့် ဟော့ကိုင်းဒိုး စီရင်စုနယ်များတွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင် အီဝါတီစီရင်စု မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာရေပြင်၌ ၁၀ ကီလိုမီတာ အနက်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း JMA က သတင်းထုတ်ပြန်သည်။

ထိုငလျင်သည် ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော တိုကျိုမြို့ရှိ အဆောက်အအုံကြီးများကိုပါ တုန်ခါစေလောက်သည်အထိ ပြင်းထန်ခဲ့သည်။

Ref: CNA

Most Read

Most Recent