ဧပြီ ၂၅ ရက် ညက ဝါရှင်တန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့် တက်ရောက်သည့် အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲအခမ်းအနားတွင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ဧည့်သည်အများအပြား စုဝေးရောက်ရှိနေသည့် Washington Hilton ဟိုတယ်ခန်းမအပြင်ဘက် လုံခြုံရေးစစ်ဆေးသည့်နေရာတွင် သေနတ်သမားကို ဖမ်းဆီးရမိခဲ့သည်။
Secret Service အဖွဲ့က သမ္မတထရန့်ကို စင်မြင့်ပေါ်မှ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
Secret Service အဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြကြောင်း၊ ၎င်းတို့သည် လျင်မြန်စွာနှင့် ရဲရင့်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့ကြပြီး သေနတ်သမားကို ဖမ်းဆီးရမိခဲ့ကြောင်း ထရန့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Ref:AFP















